အရင်တစ်ခေါက်တုန်းက ကျွန်တော် Shweyoe ကို iOS အတွက်ထုတ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။
အသုံးပြု သူအများအပြားရှိတာကိုတွေ့ရတဲ့အတွက် အလွန်ပဲဝမ်းမြောက်မိပါတယ်.။
အခုတစ်ခါမှာတော့ အရင် ထုတ်လုပ်ပြီးသားဖြစ်တဲ့ Shweyoe dictionary iOS App ကို လုံး၀ အသစ်နီးပါးပြန်လည် မွမ်းမံပြီး ထုတ်လုပ်ပေးလိုက်ပါတယ်.
အခု မိတ်ဆက်မဲ့ Product ကတော့ Shweyoe Pro လို့ပေးထားပါတယ်။
ဘာတွေကွာသွားသလဲဆိုရင်တော့ အားလုံး အသစ်နီးပါးပါပဲ. မြန်မာကီးဘုတ် ပါ အပါအဝင်ပါ။
နောက်ထပ် ထူးခြားလှတဲ့ လုပ်ဆောင်ချက် အသစ်တွေကိုလဲ ထပ်မံဖြည့်သွင်းပေးထားပါတယ်.
ဒါဆိုရင် ဘာတွေအသစ်ပါသလဲဆိုတာ အောက်မှာ တစ်ချက်လောက်ကျွန်တော်တို့ လေ့လာကြည့်လိုက်ရအောင်.
What’s new features in Shweyoe Pro?
1. မြန်မာSearch Speed ပိုမိုမြန်ဆန်သွားပါတယ်။
2. User Interface Design ကတော့ လုံး၀အသစ် ဖြစ်သွားပါတယ်. Wood Style ပုံစံ User Interface ကိုသုံးထားပါတယ်.
3. Text To Speech Function ကိုအသစ်ထည့်သွင်းထားပါတယ်.စကားလုံးတွေရဲ့အသံထွက် ကိုပုံစံနှစ်မျိုး နဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်
4. Speech To Text function လို့ခေါ်တဲ့ function ကိုလဲအသစ်ထည့်သွင်းပေးထားပါတယ်.ဒါကြောင့် စကားလုံးတွေကိုရှာဖွေရာမှာ မိမိရဲ့ အသံ (voice) ဖြင့်လွယ်ကူစွာရှာဖွေ
နိုင်ပါတယ်
5. စကားလုံးတွေကို Copy ကူးလို့ရအောင် လုပ်ဆောင်ပေးထားပါတယ်.
6. မိမိရှာလိုက်တဲ့ စကားလုံးနဲ့ ပက်သက်ပြီး လုံး၀အသေးစိတ်သိရှိနိုင်စေရန် အတွက် Wiktionary လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားပါတယ်.
7. မိမိရှာလိုက်တဲ့ စကားလုံးနဲ့ ပက်သက်ပြီး ရုပ်ပုံတွေ.ဘယ်နေရာမှာ ဘယ်လိုခေါ်တယ်… စသဖြင့် အသေးစိတ်သိရှိနိုင်စေရန်အတွက် Wikipedia လို့ခေါ်တဲ့ လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းပေးထားပါတယ်။
8. မြန်မာစာ စာလုံးပေါင်းသတ်ပုံတွေအတွက် မှန်ကန်တဲ့စာလုံးပေါင်းတွေကို ရှာဖွေနိုင်အောင် စာလုံးပေါင်းသတ်ပုံကျမ်း ကိုလည်းထည့်သွင်းပေးထားပါတယ်.
9. မြန်မာစာ ဖြင့်ရှာဖွေနိုင်ရန်အတွက် မြန်မာကီးဘုတ် ကို ပိုမိုကောင်းမွန်စေရန် တဖန်ပြန်လည် အသစ်ဖန်တီးလုပ်ဆောင်ပေးထားပါတယ်။
10. Shweyoe Pro dictionary ထဲမှာပါတဲ့ စကားများဟာ မိမိအဖို့မလုံလောက်သေးဘူးဆိုရင် မိမိ စိတ်တိုင်းကျ ငါးမျိုးသော ဘာသာစကား စကားလုံးများကို အသစ်ထပ်မံလွယ်ကူစွာ
ဖြည့်သွင်းရှာဖွေနိုင်ပါတယ်.
11. ယခင်က M-Reader လို့ခေါ်တဲ့ မြန်မာစာ ဖတ်စာကိုလဲ ယခုတစ်ဖန် အသစ်ပြန်လည် မွမ်းမံပြီး ထည့်သွင်းပေးထားပါတယ်။
12. မြန်မာစာ ရေးသားဖို့ရာအတွက် MM-Text-Writer လို့ခေါ်တဲ့ လုပ်ဆောင်ချက် (Function) ကိုလည်း ဇော်ဂျီ ကီးဘုတ် လက်ကွက်ဖြင့် လွယ်ကူစွာ ရိုက်နိုင်စေရန် ၊ လွယ်ကူစွာ Copy ကူးနိုင်စေရန် အတွက် လုပ်ဆောင်ထည့်သွင်းပေးထားပါတယ်။
…. စတဲ့ လုပ်ဆောင်အသစ်တွေပါဝင်ပါတယ်.ပိုပြီး အသေးစိတ် နားလည်စေရန်အတွက် ကျွန်တော် ဆက်လက်ရှင်းပြပေးပါမယ်.
1. Search Speed
- စကားလုံးရှာဖွေရာတွင် မြန်မာစာဖြင့် ရှာဖွေခြင်းအပါအဝင် ရှာဖွေနှှုန်း ပိုမိုမြန်ဆန်သွားပါတယ်.
- ဘာသာစကားငါးမျိုးကို ရှာဖွေနိုင်ပါတယ်.
1. English – Myanmar
2. Korea – Myanmar
3. Russia – Myanmar
4. Japan – Myanmar
5. Thai – Myanmar
6. Myanmar – English
7. Myanmar – Korea
8. Myanmar – Russia
9. Myanmar – Japan
10. Myanmar – Thai
2. User Interface
- UI အနေနဲ့ကတော့ လုံး၀အသစ်ဖြစ်ပါတယ်.အောက်ကပုံလေးတွေကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ.
3. Text-To-Speech
- Text-To-Speech လုပ်ဆောင်ချက်အနေနဲ့ ရွေးချယ်စရာ နှစ်မျိုးပေးထားပါတယ်..။
1. iSpeech
2. iNternet Speech တို့ဖြစ်ပါတယ်
- iSpeech က Third Party က အသုံးပြုထားတဲ့ SDK ပါ.သူကတော့ ဘာသာစကားငါးမျိုးအနက် ထိုင်းဘာသာ စကားမှ တခြား အခြားဘာသာစကား လေးမျိုးကို အသံထွက်ပြောဆိုနိုင်ပါတယ်.
- iNternet Speech ကတော့ Google Services ကိုအသုံးပြုပြီး ဖန်တီးရေးသားထားတဲ့ Speech ပါ. iNternet Speech ကတော့ ဘာသာစကား ငါးမျိုးစလုံးကို အသံထွက်ပြောဆိုနိုင်ပါတယ်.
- အထက်ပါနှစ်မျိုးစလုံးကို အသုံးပြုရန်အတွက် Internet connection လိုအပ်ပါတယ်.
- Offline Text To Speech အတွက်ကတော့ English ဘာသာစကား တစ်မျိုးထဲအတွက်ပဲရပါတယ်.
4. Speech To Text
- Speech To Text လို့ခေါ်တဲ့ လုပ်ဆောင်ချက် ဟာ မိမိတို့ရဲ့ အသံ (Voice) ဖြင့် ပါးစပ်ကပြောလိုက်ရုံဖြင့် အလိုအလျောက် ရှာဖွေပေးနိုင်တဲ့ စနစ် (Auto Voice Searching) ကိုထည့်သွင်းလုပ်ဆောင်ပေးထားပါတယ်
- iSpeech SDK ကိုအသုံးပြုထားတဲ့အတွက်ကြောင့်
1. English Speech To Text
2. Korea Speech To Text
3. Russia Speech To Text
4. Japan Speech To Text
- စတဲ့ဘာသာစကားလေးမျိုးကို မိမိရဲ့ အသံ (Voice) ဖြင့်လွယ်ကူစွာရှာဖွေနိုင်ပါတယ်.
- အသုံးပြုရန်အတွက် Internet Connection တော့လိုပါတယ်.
5.Copy Words
မိမိရှာဖွေထားသော ဘာသာစကားငါးမျိုးရဲ့ Word တွေကို Copy ကူးယူနိုင်သော လုပ်ဆောင်ချက်ထည့်သွင်းပေးထားပါတယ်
6. Wiktionary
- မိမိတို့ရှာဖွေထားသောစကားလုံးရဲ့ အဓိပါယ်ကို ပိုမိုနက်နဲစွာ သိရှိနိုင်စေရန်အတွက် ငါးမျိုးသော ဘာသာစကား ဖြင့် ရှာဖွေနိုင်စေရန် အတွက် လုပ်ဆောင်ပေးနိုင်သော လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်
- Internet connection လိုပါတယ်.
7. Wikipedia
- မိမိတို့ရှာဖွေထားသော စကားလုံးများနဲ့ပက်သက်ပြီး ရုပ်ပုံများ..အသုံးဝင်ပုံများ..စတဲ့..အကြောင်းအရာတွေကို သိရှိနိုင်စေရန်အတွက် ငါးမျိုးသော ဘာသာစကား ဖြင့် ရှာဖွေနိုင်စေရန် အတွက် လုပ်ဆောင်ပေးနိုင်သော လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပါတယ်
- Internet connection လိုပါတယ်.
8. မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း
- မြန်မာစာ ရဲ့တစ်ချို့စကားလုံးတွေဟာ ရှုပ်ထွေးနေတဲ့အခါမှာ လျှင်မြန်လွယ်ကူစွာသိရှိနိုင်စေရန်အတွက် စာလုံးပေါင်းသတ်ပုံကျမ်းအတွက် လုပ်ဆောင်ချက်ကိုထည့်သွင်းပေးထားပါတယ်. မြန်မာစာ ရှာဖွေခြင်းနဲ့ပက်သက်လို့ Jailbreak keyboard မလိုပါဘူး.
- မြန်မာစာစာလုံးပေါင်းသတ်ပုံကျမ်းအတွက် Data ကိုတော့ www.myanmarwords.pikay.org မှရယူအသုံးပြုထားပါတယ်.
9. မြန်မာကီးဘုတ် (Myanmar-Keyboard)
- မြန်မာစာဖြင့် ရှာဖွေခြင်း..မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းအတွက် ရှာဖွေခြင်း. မြန်မာလိုစကားလုံး အသစ်ထပ်မံဖြည့်သွင်းခြင်းစတဲ့ မြန်မာကီးဘုတ်နဲ့ပက်သက် သောလုပ်ဆောင်ချက်တွေ အတွက် မြန်မာ ကီးဘုတ် ကို တဖန်အသစ်ဖန်တီး၍ Jailbreak Myanmar keyboard မလိုအောင် Zawgyi Layout ဖြင့် App ထဲတွင် တစ်ခါတည်း ထည့်သွင်းပြီး ဖြစ်ပါတယ်.
10. စကားလုံးအသစ်ထပ်မံဖြည့်သွင်းခြင်း (Add new words)
- Shweyoe Pro Dictionary ထဲမှာပါတဲ့ စကားလုံးတွေဟာ မိမိအဖို့မလုံလောက်သေးဘူးဆိုရင် မိမိတို့ရဲ့ အသုံးများတဲ့ အရေးကြီးတဲ့ စကားလုံးအသစ်တွေကို မိမိတို့စိတ်တိုင်းကျ လွယ်ကူစွာ အသစ်ထပ်မံဖြင့်သွင်းပြီး ရှာဖွေနိုင်ပါတယ်.
- ငါးမျိုးသော ဘာသာစကား များကို အသစ်ထပ်မံ ဖြင့်သွင်းနိုင်ရုံသာမက မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်း အတွက် စကားလုံးများကိုထည့်ထပ်မံဖြင့်သွင်းနိုင်ပါတယ်။
- မူရင်း အဘိဓာန် စကားလုံးများအတွက်ကတော့ TaKaung Project မှာ GPL License အနေနဲ့အသုံးပြုထားပါတယ်။
11. M-Reader
- M-Reader လို့ခေါ်တဲ့ မြန်မာစာ ဖတ်စာလုပ်ဆောင်ချက်မှာတော့ ယခင် လုပ်ဆောင်ချက်ကို တစ်ဖန်ပြန်လည်မွမ်းမံပြီး ဇော်ဂျီ နှှင့် ယူနီကုတ် ဖောင့်နှစ်မျိုးစလုံးကို Jailbreak မလိုပဲလွယ်ကူစွာ Paste လုပ်ခြင်းဖြင့် ဖတ်နိုင်အောင် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။
12. MM-Text-Writer
- MM-Text-Writer လို့ခေါ်တဲ့ မြန်မာစာ ရေးသားခြင်း လုပ်ဆောင်ချက်မှာတော့ မြန်မာစာရေးသားဖို့ရန်အတွက် Zawgyi Layout ဖြင့် Jailbreak မလိုပဲရေးသားနိုင်စေရန်..မိမိရေးသားထားသော စာကို Copy လုပ်ဆောင်နိုင်စေရန်အတွက် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။
…. အထက်ပါ လုပ်ဆောင်ချက် ဆယ့်နှစ်မျိုး (12 new functions) ကိုအသစ်ထပ်မံဖြည့်သွင်းပေးထားတဲ့ ယခုမိတ်ဆက် လိုက်တဲ့ Shweyoe Pro dictionary လေးဟာ $0.99 ဖြင့် App Store မှာရရှိနိုင်ပါတယ်…
ဒါကြောင့် ကိုယ့်လူမျိုးတွေရဲ့ ဖန်တီးမှု ကိုအားပေးတဲ့ အနေနဲ့ $0.99 (မြန်မာငွေဖြင့် ၈၀၀ ကျပ်မျှသာ) သာရှိသော ကျွန်တော့်ရဲ့ Shweyoe Pro လေးကိုအားပေးခြင်းဖြင့် ကူညီပေးကြပါလို့တိုက်တွန်းပါရစေခင်ဗျာ…
အဆင်မပြေမှုများ… အကြံပေးမှုများ ပြုလုပ်လိုပါက dk92ster@gmail.com ကိုဆက်သွယ်မေးမြန်း အကြံပြုနိုင်ပါတယ်။
အခုလိုဖြစ်မြောက်အောင် အဖက်ဖက် မှကူညီပေးခဲ့ကြသော မိတ်ဆွေ ဆရာသမား များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။
အားလုံးကျန်းမာ ချမ်းသာကြပါစေလို့ဆုတောင်းရင်းဖြင့်…..
Zaw Min Soe (Initial)
Information about Shweyoe Pro
App Name : Shweyoe Pro
Platform : iOS (iPhone/iPad)
Price : $0.99
Minimum iOS Version : iOS 5.0
Company : Initial Studio
Developer : Zaw Min Soe (Initial)
Official Page : https://www.facebook.com/InitialStudio
License : © 2012 Initial Studio
Download links
For iPhone / iPod : http://itunes.apple.com/sg/app/shweyoe-pro/id549814664?mt=8
Download link with QRCode
Shweyoe Pro for iPad
Shweyoe Pro for iPhone/iPod Touch
အားလံုံးကိုယ်စိတ်နှစ်ြဖြာကျန်းမာချမ်းြကြပါေစေ…
(Credit link: http://www.myanmartutorials.com/announcements/shweyoe-pro-for-iphoneipod-touch-and-ipad/)
No comments:
Post a Comment