Sunday, September 2, 2012

SEO ဖြစ်ရေးအတွက် Web Designer များသိထားသင့်သော အခြေခံအချက်အလက်များ


Search Engine တစ်ခုခုကနေ ကိုယ်သိချင်တဲ့ အကြောင်းအရာတစ်ခုကို ရှာတဲ့အခါမှာ Page တွေအများကြီး ထွက်လာတာကို တွေ့နိုင်ပါတယ်။ ဒီထဲမှာမှ ဘယ်လို page မျိုးတွေက ရှေ့ဆုံးမှာရောက်လာတက်ပါသလဲ။ SEO အတွက် အထူးတလည် ဂရုစိုက်ထားတဲ့ page တွေက ရှေ့ဆုံးမှာ ရှိနေတက်ပါတယ်။
အသုံးပြုသူဘက်ကနေ ကြည့်မယ်ဆိုရင် ရှေ့ဆုံး တစ်မျက်နှာ နှစ်မျက်နှာလောက်ကို ဘဲအချိန်ပေးပြီး ကြည့်ချင်ကြပါတယ်။ ကျွန်တော်တို့ဆီမှာ ဆိုရင်တော့ ပိုတောင်ဆိုးဦးမယ် ထင်ပါတယ်။
ဒါဆိုရင် ကိုယ့် site ကို search engine ရဲ့ရှေ့ဆုံး ဒါမှမဟုတ် ဒုတိယ စာမျက်နှာမှာ ပါ၀င်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ Google page rank တိုးအောင် ဘယ်လိုမျိုး လုပ်ဆောင်ကြမလဲ။
အရမ်းကျွမ်းကျင်တဲ့ နည်းစနစ်တွေနဲ့ SEO ဖြစ်အောင်မလုပ်တက်ပေမယ့်လည်း web site တစ်ခုကိုရေးတဲ့အခါ အောက်ပါအချက်အလက်တွေကို ဂရုစိုက်ခဲ့မယ်ဆိုရင် အတိုင်းအတာတစ်ခုထိ SEO ဖြစ်ဖို့ အထောက်အပံ့ ဖြစ်နိုင်ပါတယ်။ ခက်ခဲလားဆိုရင်တော့ မခက်ခဲပါဘူး၊ ဂရုစိုက်ဖို့ပဲ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အရင်ကရေးတုန်းက ဒါတွေကို ဂရုမစိုက်ခဲ့လိုပါ။ (အခုရော….?) :D
(1)    Title Tag ကို ဂရုစိုက်ပါ။


HTML ရေးတဲ့အခါမှာ head tag အတွင်းမှာ ရှိတဲ့ title tag မှာ page နဲ့ သက်ဆိုင်တဲ့ keyword များနဲ့ အသေအချာ ဂရုစိုက်ပြီးရေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ search engine တွေအနေနဲ့ ဒီ page တစ်ခုဟာ ဘာဆိုတာကို သိဖို့အတွက် title tag ကိုအရင်ဆုံးကြည့်ပါတယ်။ အများစုကတော့ site ရဲ့နာမည် နဲ့ သက်ဆိုင်ရာ page အလိုက် ဘာ page လဲဆိုတာကို ရေးကြပါတယ်။

eg: <title><em>MySite | About Us</em></title>

(2)    Meta Tags

ဒီတစ်ခါလည်း head tag ထဲက meta tag အကြောင်းပဲ ဖြစ်ပါတယ်။ meta tag တွေထဲမှာမှ အရေးကြီးတဲ့ tag နှစ်ခုရှိပါတယ်။ အဲ့ဒါကတော့ description နဲ့ keyword ပဲဖြစ်ပါတယ်။ description ကို search လုပ်လိုက်တဲ့ အခါထွက်လာတဲ့ result မှာဖော်ပြပေးပါတယ်။ အောက်ကပုံကို ကြည့်ကြည့်ပါ။
Keyword ကတော့ description ကို sentence တစ်ခုမဟုတ်ဘဲနဲ့ site နဲ့ အဓိကသက်ဆိုင်တဲ့ စကားလုံးလေးတွေပဲဖြစ်ပါတယ်။ ရှာဖွေတဲ့သူအနေနဲ့ သူရှာဖွေချင်တာကို ရိုက်ထည့်တဲ့နေရာမှာ တူညီကြမှာ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ myanmartutorials ကိုရှာချင်တဲ့ သူတစ်ယောက်က “myanmartutorials” လို့ ရှာနိုင်သလို “Myanmar tutorials” , “Myanmar tutorial” , “myanmartutorial” အစရှိသဖြင့်လည်း ရှာဖွေနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး အဓိပ္ပါယ်တူပြီး အရေးအသား ကွဲပြားတဲ့ word တွေကို ထည့်ရေးပေးထားဖို့လိုပါတယ်။
(3)    Header tag များကို ဂရုစိုက်ပါ။

Header tag တွေမှာ h1 ကနေ h6 အထိရှိပါတယ်။ HTML reset ကို ထည့်ရေးတဲ့အခါမှာ h1 ကနေ  h6 အထိ font-size တွေက အတူတူ ဖြစ်သွားပါတယ်။ ဒီအတွက် header tag ကို အဆင်ပြေသလို သုံးလိုက်ကြပါတယ်။ တကယ်တမ်းမှာတော့ header ရဲ့ weight ပေါ်မူတည်ပြီးမှ သုံးသင့်ပါတယ်။ ဥပမာ .. About Page ဆိုပါတော့။
About Page ဆိုတဲ့ ခေါင်းစဉ်ကို h1 သုံးမယ်။ ပြီးတော့ What we do ဆိုတာကိုh2 နဲ့သုံးမယ်။
ဒါမှသာ search engine တွေအနေနဲ့ ဒီ page အတွက် ဘယ် header က အရေးအကြီးဆုံးလဲ ဆိုတာကို မှတ်သားနိုင်မှာဖြစ်ပါတယ်။
(4)    Image များတွင် attribute များထည့်ပေးခြင်း

Img tag ကိုရေးတဲ့ အခါမှာ alt attribute မှာ image name ဒါမှမဟုတ် ပုံနဲ့ဆက်စပ်နေတဲ့စာသားများကို ထည့်ရေးပေးခြင်းဟာလည်း SEO ဖြစ်ဖို့အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ Search engine တွေက သင့် site ကို index လုပ်တဲ့အခါမှာ မြင်တွေ့နိုင်လို့ပဲဖြစ်ပါတယ်။
(Credit to: )

No comments:

Post a Comment