Sunday, September 2, 2012

Interview with Ko Tun Thura Thet


Interview with Ko Tun Thura Thet (ကိုထွန်းနဲ့ စီးပွားရေးအမြင်)


ကျွန်တော် ဒီတစ်ပတ် Myanmar Tutorials အတွက် အင်တာဗျူးဖြစ်သူက ကိုထွန်းသူရသက်ပါ။ ကိုထွန်းသူရသက်ကို ကိုထွန်းလို့ ကျွန်တော်တို့ ရင်းရင်းနှီးနှီး ခေါ်ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အလွန်လေးစားအားကျရတဲ့ Role Model တစ်ယောက်ဆိုရင်လဲ မမှားပါဘူး။ မြန်မာနိုင်ငံရဲ့ အိုင်တီနည်းပညာ လောကမှ MIT လို့ ပြောလိုက်ရင် မသိတဲ့သူ မရှိလောက်အောင် ရှေ့ဆောင်ကုမ္ပဏီကြီးရဲ့ CEO လဲ ဖြစ်သလို founder  တစ်ဦးလဲ ဖြစ်ပါတယ်။ အဲဒီအပြင် မကြာသေးခင်ကပဲ PhD ဒေါက်တာဘွဲ့ကို လက်ခံရရှိထားသူလဲ ဖြစ်ပါတယ်။ အခုလို မေးမြန်းခွင့်ပေးတဲ့အတွက် ကိုထွန်းကို ကျေးဇူးအများကြီး တင်ပါတယ်။




ကျွန်တော် ကိုထွန်းကို ကြားဖူးနေတာ ကြာပါပြီ။ ကျွန်တော် လေးစားအားကျရတဲ့ လူတစ်ယောက် အဖြစ်နဲ့ပါ။ ကိုထွန်းအနေနဲ့ Software တွေလဲ ထုတ်နိုင်တယ်၊ အဲဒီအပြင် MIT ဆိုတဲ့ အခုအချိန်မှာ အရမ်းအောင်မြင်နေတဲ့ နည်းပညာ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားနိုင်တဲ့အတွက် ကျွန်တော့်ရှေ့က မျိုးဆက်အနေနဲ့ အရမ်းကို ဂုဏ်ယူအားကျမိပါတယ်။ Software Development လမ်းကြောင်းကို ကျွန်တော်လျောက်စဉ်တုန်းက MIT မှာ အလုပ်ဝင်လုပ်ဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်။
သီဟ – ကျွန်တော် အရင်ဆုံးမေးလိုတာက ပညာတတ်လုပ်ငန်းရှင်၊ ပညာလဲတတ်တယ် လုပ်ငန်းရှင်လဲ ဖြစ်တယ်ပေါ့။ အဲဒီလို လျောက်လှမ်းလာတဲ့ လမ်းကြောင်းမှာ ပညာတတ်ခြင်း၊ ပညာရှာခြင်းနဲ့ လုပ်ငန်းရှင်ဖြစ်ခြင်း သဘောတရားနှစ်ခုအပေါ်မှာ ဘယ်လို မျှမျှတတ လုပ်သွားသလဲ၊ ဘယ်လိုမြင်လဲဆိုတာ သိချင်ပါတယ်။
ကိုထွန်း – အဓိကကတော့ ကျွန်တော်တို့ မြန်မာ အဆိုမှာ ရှိတယ်။  ပညာရှာတဲ့ အရွယ်၊  ဥစ္စာရှာတဲ့ အရွယ်၊ နောက် တရား ရှာတဲ့ အရွယ်ပေါ့။ ပုံမှန်တော့ ကျွန်တော်တို့ ငယ်ငယ်က ပညာနဲ့ စခဲ့တာပေါ့။ ကျွန်တော်တို့ ခေတ်က ၁၉၈၈ ပေါ့နော်။ ၁၉၈၈ ကြုံလိုက်တော့ ကျွန်တော်တို့က ပညာရေးက ပုပ်သွားတဲ့ အချိန် ရှိတယ်။ အဲဒီ အချိန်မှာ ကျွန်တော်က ဒီလမ်းကြောင်းကို စဖြစ်ခဲ့တာပါ။ ကျောင်းတွေ ပိတ်သွားတော့ ကျွန်တော် စောင့်သေးတယ်။ နောက်တော့ နိုင်ငံခြား ထွက်သွားဖြစ်တယ်။
အဲဒီအချိန်မှာ ကျွန်တော် ဘာစတွေ့လဲ ဆိုတော့  အခု ခေတ်လူငယ်တွေ တွေ့ချင်မှ တွေ့မယ်။  ပညာရေးဆိုတာ ဘယ်လောက် တန်ဖိုး ရှိသလဲ ဆိုတာကို၊ မိဘတွေ ပြောတဲ့အတိုင်း ကိုယ်ငယ်ငယ်တုံးကတော့ ထုံးစံ အတိုင်း  သတ်မှတ် လက်ခံ ခဲ့ပေမယ့် နိုင်ငံခြားရောက်တဲ့ အချိန်မှာ Graduate တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ နဲ့  လူ့ အသိုင်းအဝိုင်းမှာ လက်ခံတဲ့ ပုံစံကို ကျွန်တော်တွေ့လိုက်တဲ့ အခါမှ ကျွန်တော် အရမ်း ဖြစ်ချင်ခဲ့တယ်။ ဘွဲ့ ရတစ်ယောက်ပေါ့နော်။
အဲဒီ အချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို မသိသေးတဲ့ ပါတယ်။ အများစုက  ဆယ်တန်းအောင်ကို အသိအမှတ် မပြုဘူး။ ကျွန်တော် အဲဒီကို ရောက်တဲ့ အချိန်မှာ ကျွန်တော် ဒီဖက်လည်း ပြန်မလာ ချင်ဘူး။ ကျောင်းပြီးအောင် တက်နေတဲ့ အချိန်မှာ ပညာရေးပိုင်းက ကျွန်တော့်အတွက် အရမ်းကို အရင်းအနှီး ကြီးခဲ့တယ်။ အချိန်ရော၊ လူရော၊ ငွေကြေးရော ပေါ့။
ပထမ ဘွဲ့ရအောင် လုပ်တဲ့ အချိန်မှာ အရမ်း ကြိုးစား ခဲ့ရတယ်။ ကျွန်တော် ပြောတာ ငွေရေးကြေးရေး အပိုင်းရော အချိန် အပိုင်းရောပေါ့၊ ကျွန်တော်ရဲ့  အခန်းကဏ္ဍမှာ ပညာရေး ကို တန်ဖိုးထားတဲ့ စိတ်က သူများ ထက်ပိုတယ်။ ကျွန်တော် ရခဲ့တဲ့ ဘွဲ့တစ်ခုက လွယ်လွယ်ကူကူ မဟုတ်ဘူး။ လမ်းကြမ်းကို ဖြတ်ခဲ့ရပါတယ်။ ပုံမှန် Campus Life မှာလို first year to fifth year တက်ခဲ့ရတာ မဟုတ်ဘူး။
နောက်ပြီးတော့ ကျွန်တော်တို့ မိဘ မျိုးရိုးကတော့ ဝန်ထမ်းဖက်က လာတာ များတယ်။  ကျွန်တော်တို့ ဟို အဖိုးအဖွားတို့ လက်ထက် ကတည်းက အားလုံးက ပညာရေး ဦးစားပေးတယ်။  အခြေခံအားဖြင့်တော့ ပညာရေးဟာ အရေးကြီးတယ် ဆိုတာ ကျွန်တော်တို့ ခေါင်းထဲမှာ ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ ရောက်တဲ့ အချိန်မှာလည်း ပေးတဲ့ experience တွေကလည်း ပညာတက်ဖို့ အရေးကြီးတယ် ဆိုတာကို သိခဲ့ရတယ်၊ နောက်ပြီးတော့ ကျွန်တော် ကြိုးစားခဲ့ရတယ်။
အဲဒီလိုနဲ့ ပညာ ကြိုးစားရင်းနှင့် တချိန်မှာ ကြတော့ စာတွေ့သည် ကျွန်တော် ဘဝကို ဖြတ်သန်းဖို့ မလုံလောက်ဖူး ဆိုတာ ကျွန်တော် သိတယ်။ ကျွန်တော် တစ်ခြားနိုင်ငံမှာ ကျောင်းပြီးတော့ အလုပ်ဝင်ပါတယ်။ ဝင်တဲ့ အချိန်မှာ ကိုယ့်နိုင်ငံကို ပြန်ကြည့်တော့  ကိုယ်လုပ်ချင်တာတွေ အများကြီးတွေ့တယ်။  ကျွန်တော်တို့က ကြိုသိလို့တော့ မဟုတ်ဘူး။ သို့သော် ကိုယ့်နိုင်ငံမှာ ဖြစ်မယ့်ဟာတွေကို ကိုယ်က ကြိုမှန်းလို့ရတယ်။ နိုင်ငံခြားမှာ ဖြစ်ခဲ့တဲ့ ပုံစံတွေ ကြည့်နိုင်လာတဲ့ အခါမှာ နိုင်ငံခြားက အခြေအနေတွေနဲ့ ချိန်ထိုးကြည့်နိုင်လာတဲ့ အခါမှာပေါ့။
အဲဒါနဲ့ လုပ်ငန်း စဖြစ်တယ်။ လုပ်ငန်း အစမှာတော့ ကိုယ်က သိပ်နားမလည်ဘူးပေါ့။ လူငယ်ဆိုတော့ ဖြစ်ချင်တာ၊ လုပ်ချင်တာပဲ ရှိတယ်။ အဲဒီအချိန်က ကျွန်တော် အသက် ၂၅ နှစ်ဝန်းကျင်ပါ။ ဘွဲ့ရပြီး တစ်နှစ် အပြင်မှာ အလုပ်လုပ်တယ်။ ပြီးတော့ ဒီပြန်လာတယ်။ လုပ်ငန်း စလုပ်ဖြစ်ပါတယ်။
ပထမတော့ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ဖြစ်တဲ့ software development ပေါ့၊ programming ကို အခြေခံပြီး လုပ်တယ်။ လုပ်ရင်းနဲ့ ကျွန်တော် နားမလည်တဲ့ Management တွေကို Marketing ကိုတွေ့ကြုံရတယ်။ အဲဒီ အချိန်မှာ ကျွန်တော် ကျောင်းပြန်တက် ဖြစ်တယ်။ ပြည်တွင်းမှာ ပါပဲ၊ MBA တက်ဖြစ်တယ်။
ကျွန်တော် အဲဒီလိုတက်ရင်း ဘာတွေ့လဲ ဆိုတော့ ပညာရေးက လုပ်ငန်းတစ်ခုစမယ် ဆိုရင် foundation  အရေးကြီးတယ်။  နောက်တစ်ခုက အလုပ်လုပ်တဲ့ အခါမှာလည်း ပညာဟာ အမြဲ လိုအပ်နေတယ်။  အဲဒီအချက်ကို ကိုယ်က ရှာတွေ့ဖို့ လိုပါတယ်။ အဲဒီမှာ သတိထားမိတာ balance တွေ အရေးကြီးတယ်။  စာပဲ တော်လို့ မရဘူး။ အလုပ်ပဲ တော်လို့ မရဘူး။ ဒီနှစ်ခု balance ဖြစ်ဖို့ လိုတယ်။
နောက်ထပ် အရေးကြီးတဲ့ အချက်က အချိန်ပေါ့နော်။ အများစုက အထူးသဖြင့် လုပ်ငန်းမှာ ထူးချွန်တဲ့ လူငယ်တွေ ပေါ့နော်၊ သူတို့ဟာ အောင်မြင်လာတဲ့ အချိန်မှာ ပညာရေးဟာ အရေးမကြီးဘူး ဆိုပြီးတော့ အယူမှားတာ ရှိကြတယ်။ အဓိကကတော့ သူတို့ဆီမှာ ငွေရေးကြေးရေးထက် အချိန်ပေါ့။ ဒီ time balance ကိုလုပ်ရတာ အရမ်း ခက်တယ်။ နိုင်ငံခြားမှာ ကျွန်တော်တို့ တွေ့ပါတယ်။  ဥပမာ ပိုလီ ပြီးတယ်။အလုပ်အကိုင်ရတယ်။ အရမ်းတော်တဲ့ ကလေးတွေပေါ့။ သို့သော် Graduate Course တွေ Program တွေတက်ဖို့  သူအရမ်း ကြိုးစားရတယ်။ ငွေရေးကြေးရေးတင် မကပါဘူး။ အချိန်လဲ လုပ်ရပါတယ်။  အဲဒီလို လုပ်ရတဲ့အခါမှာ အများစုက give up လုပ်သွားကြပါတယ်။
တစ်ချို့ကတော့ poly ပြီးတဲ့ အခါ degree အတွက် ကြိုးစားကြတယ်။ တစ်ချို့ကြတော့ အဲဒီထက် တစ်ဆင့်တက်ပြီး Master ၊ PhD ပေါ့နော်။ သို့သော်  အများစုရဲ့ အဓိက ပြဿနာက အချိန်ပါ။ ကျွန်တော့်မှာ အဲဒီအချိန်အတွက် ပြဿနာပါပဲ။ အလုပ်မှာလည်း ကိုယ်က ထူးချွန်ချင်တယ်၊ အောင်မြင်ချင်တယ်။ တစ်ဖက်မှာလည်း ပညာရေးကို လိုက်စားချင်တယ် ဆိုလို့ ရှိရင် အချိန်ကို Manage လုပ်နိုင်ဖို့ လိုတယ်။ လူတိုင်းမှာ ၂၄ နာရီပဲ ရှိတယ်။ ဒါပေမယ့် အဲဒီ အချိန်ကို ဘယ်လို Manage လုပ်မလဲ။  ကျွန်တော် ပြောတာ လူမှုရေး၊ မိသားစုရေး မပါသေးဘူး။ ဒါတွေ အားလုံး balance ဖြစ်အောင် လို့ အချိန် Manage လုပ်နိုင်ဖို့ လိုပါတယ်။
သီဟ – ကိုထွန်းနဲ့ ပတ်သက်ပြီး ဆယ်တန်းအောင်ပြီးစ အခြေအနေလေး မေးချင်ပါတယ်။
ကိုထွန်း – ကျွန်တော် ဆယ်တန်းကို သာမန်ပဲ အောင်ခဲ့တယ်။ ဆေးကျောင်းတော့ မှီခဲ့တယ်။ ဆေးကျောင်း တက်ခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေ အရမ်းတော်ကြတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ စာတော့ မညံ့ပါဘူး။ ဒါပေမယ့် ပထမဖြစ်ချင်တယ်ဆိုတဲ့ ဆန္ဒ အဲဒီလောက် မပြင်းပြခဲ့ဘူး။ ကျွန်တော် နိုင်ငံခြား မရောက်ခင်အချိန်အထိပေါ့။
သီဟ – အဲဒီတော့ ဆေးကျောင်းကို ပြီးအောင် တက်ဖြစ်ခဲ့လားခင်ဗျ။
ကိုထွန်း – မပြီးဘူး။ First Year ပါပဲ။ First Year မှာ ကျောင်းတွေ ပိတ်သွားတယ်။ ပထမတော့ ကျွန်တော် စောင့်ပါသေးတယ်။ နောက်တော့ ခဏသွားမယ်ဆိုပြီး နိုင်ငံခြားထွက်သွားတယ်။ diploma course တွေတက်တယ်။ တက်တဲ့ အချိန်မှာ အစကတော့ ပြန်လာရမှာပေါ့နော်။ ကျွန်တော် အဖေ၊ အမေကတော့ ခဏသွား ပြီးရင်တော့ ဆရာဝန် ပြီးအောင် လုပ် ဆိုပြီးတော့ ဖြစ်စေချင်တယ်။ အဲဒီ အချိန်မှာ ကျွန်တော် ဖောင်ဖျက်ရတာပေါ့။ တစ်နှစ်ပြီးသွားတော့ ကျွန်တော် ဒီပလိုမာ ရတယ်။ နောက် ကျွန်တော် သိလာတာက ကျွန်တော် Programming အရမ်း စိတ်ဝင်စားသွားတယ် ဆိုတာပါ။ ကိုယ်ရဲ့ passion ကို စမြင်တာပဲ။  အရင်တုံးကတော့ လူကြီးတွေက ပြောတဲ့ ဆေးကျောင်းတက်၊ ဆရာဝန် လုပ် ဆိုတဲ့ ပုံမှန် လမ်းကြောင်း အဖြစ်ပဲ မြင်ခဲ့ပါတယ်။
သီဟ – ဟုတ်ကဲ့ခင်ဗျ။ အဲဒီနေရာမှာ ကျွန်တော် မေးချင်တာ တစ်ခုက ဆရာဝန်ဖြစ်မယ့် လမ်းကြောင်းပေါ်လဲ ရောက်နေတယ်။ ပုံမှန်အတိုင်း ဆက်သွားရင် ဆရာဝန်ဖြစ်ဖို့ ကျိန်းသေတယ်။ အများအားဖြစ့် ဆရာဝန်ဖြစ်မယ့် လမ်းကြောင်းကို ရွေးဖြစ်ကြပါလိမ့်မယ်။ လူကြီးတွေကလဲ အဲဒီလမ်းကြောင်းပေါ် တင်မှာပဲ။ အဲဒီလို အခြေအနေကနေ ဘယ်လို ဖောက်ထွက် လာသလဲဆိုတာ သိချင်ပါတယ်။
ကိုထွန်း – အဲဒီလို ရွေးချယ်တဲ့အတွက် ကျွန်တော့်မှာ sacrifice လုပ်ရတာတွေ ရှိပါတယ်။ လူကြီးတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးတော့ ကိုယ်က ဖြစ်ချင်တဲ့ဟာ လုပ်ရတယ်ပေါ့။ ဒါပေမယ့် ကျွန်တော် မိဘကတော့ very supportive ပါ။ သူတို့ ဖြစ်စေချင်တဲ့ဟာ ကိုယ်က မကြိုက်ဘူး၊ လွတ်သွားတယ်၊ သူတို့ အနေနဲ့ ဆရာဝန် ဖြစ်စေချင်တယ်။ သူတို့ဖြစ်စေချင်တဲ့ဟာကို အတင်း မတိုက်တွန်းဘူး။ ကျွန်တော်ကို အခွင့်အရေးပေးပါတယ်။
တစ်ဖက်ကလည်း ကျွန်တော် စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတော့ ကျွန်တော် လူကြီးတွေ ဖြစ်စေချင်တဲ့ ဆန္ဒကို တသက်လုံး လုပ်ခဲ့တယ်။ အဲဒီ အချိန်ထိပေါ့။  ဒါပေမယ့် တခြား လမ်းကြောင်းကို ရွေးခဲ့တယ်။ကျွန်တော် အနေနဲ့ လူကြီးတွေကို proof လုပ်ပြဖို့ လိုလာပါပြီ။ ရွေးချယ်တဲ့ လမ်းကြောင်း မှန်ကန်ကြောင်း သက်သေ ပြကိုပြရမယ်။ သူတို့ စိတ်ချမ်းသာအောင် ကိုယ်လုပ်ပြရမယ် ဆိုတာ စိတ်ထဲမှာ ရှိတယ်။ အဲဒါလည်း ခွန်အား တစ်ခုပေါ့။
ကျွန်တော် ရွေးချယ်ပြီးတော့ မအောင်မမြင်ဖြစ်ခဲ့ရင် ကိုယ့်လူကြီးတွေ စိတ်ဆင်းရဲရမယ် ဆိုတာသိတယ်။ သူတို့ ကိုယ်ကို ဘာဖြစ်လို့ ဆရာဝန် ဖြစ်စေချင်လဲ ဆိုတာ လည်း သိတယ်။ ကိုယ်ကောင်းစေချင်ဖို့ဆိုတာ၊ တဖက်ကလည်း ကိုယ်ကောင်းချင်တဲ့ဟာ၊ ကိုယ်ဖြစ်ချင်တဲ့ဟာကို သိတယ်။  အရေးကြီးတာက ကိုယ့်မှာ ဘဝတစ်ခုပဲရှိတယ်။  ကိုယ်ဘာရွေးချယ်လဲ ဆိုတာ ကိုယ့်ရဲ့  choiceပဲ ဖြစ်သင့်တယ်။ မှားပြီး ရွေးချယ်ပြီးမှ လူကြီးတွေ ကြောင့်လို့ ပြောလို့မရပါဘူး။
တစ်ဖက်ကလည်း ကိုယ်က သတ္တိရှိဖို့လိုတယ်။ ကိုယ်ရွေးချယ်တဲ့ဟာကို အနည်းဆုံး ကိုယ်ကိုယ်ကို ယုံကြည်ဖို့ လိုတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ရဲ့ ပတ်သတ်တဲ့ မိသားစု။ ကိုယ်က ယုံကြည်ထားတာ ရှိတယ်၊ ခိုင်မာတဲ့ ယုံကြည်ချက် အပေါ်မှာလဲ ကိုယ်က confident ဖြစ်ဖို့ လိုပါတယ်။ ကိုယ်ပြ နိုင်ရင် သူတို့ကလည်း လက်ခံမှာပါ။ လူကြီး ဆိုတာလည်း ကိုယ့်ကို ချစ်လို့  ကောင်းစေချင်လို့ စိုးရိမ်ပူပန်လို့ ပြောတာ လည်း ရှိပါတယ်။  ကိုယ့်ရဲ့ သတ္တိ၊ ကိုယ့်ရဲ့  ဖြစ်ချင်တဲ့ စိတ်ကို တွေ့တဲ့ အခါမှာ လူကြီးများက ယုံကြည်လာမှာပါ၊ ခွင့်ပြုမှာပါ။
သီဟ – ရွေးချယ်ခွင့်ရှိတယ်၊ ရွေးချယ်ခွင့်မရှိဘူးဆိုတဲ့ အနေအထားတွေ အပေါ်မှာရော အမြင်ကို သိချင်ပါတယ။ ဥပမာ – ကျွန်တော့်သူငယ်ချင်း တစ်ယောက်၊ သူက computer programming ကို ထူးချွန်တယ်။ အဲဒီဖက်ကိုလဲ သူတော်တော် စိတ်ဝင်စားတယ်။ ဒါပေမယ့် သူ့မိဘတွေက အဲဒီလမ်းကြောင်းကို လက်မခံဘူး။ နောက်ဆုံး သူမလုပ်ချင်တဲ့ သူမရွေးချင်တဲ့ လမ်းကြောင်းကို ရွေးလိုက်ရတယ်။ အဲဒီလို ရွေးလိုက်တဲ့အခါမှာ သူ့ passion မဟုတ်တဲ့အတွက် မထူးချွန်ဘူး။ ထင်သလောက် ခရီးမပေါက်ဘူး ဖြစ်နေတယ်ဆိုရင် အဲဒီလိုအနေအထားကို အံလွဲနေတယ်လို့ ဆိုနိုင်မလား။ အဲဒီလို ဖြစ်နေတဲ့အပေါ်မှာ ကိုထွန်းရဲ့ အမြင်ကို သိချင်ပါတယ်။
ကိုထွန်း – ကျွန်တော့် အမြင်အရတော့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ဆရာဝန် ဘွဲ့ရပြီးမှ Industry ဘက်ကိုလာလည်း ရတာပဲ။  အဓိကကတော့ ကိုယ့် passion ဘယ်လောက် ရှိလဲ ပေါ့။ ကိုယ့်ရဲ့  passion ဘယ်လောက်ခံလဲ ပေါ့။ ကိုယ့်ရဲ့ fire က ဘယ်လောက်ခံလဲပေါ့။ ကျွန်တော် ယုံကြည်တာ တခုကတော့ မိဘကို ပြောလို့ မရဘူး ဆိုတာ ကိုယ့်ပေါ်မှာလည်း မူတည်တယ်။ ကိုယ်က ဘယ်လောက် အထိ အင်အား ရှိလဲပေါ့။ ဇွတ် မိုက်မဲ တဲ့ ပုံစံတော့ လုပ်လို့ မရပါဘူး။ အဓိက ကိုယ်က emotional တစ်ခုတည်း မဟုတ်ဘူးပေါ့။ emotion ကော၊ ကိုယ့်ရဲ့ intelligent ကော၊ အားလုံးရဲ့ စဉ်းစားထားတဲ့ decision ဖြစ်တယ်ဆိုတာကို proof လုပ်နိုင်ဖို့  လိုတယ်။  တကယ်လို့ သူတို့ ယုံကြည်လာတဲ့ အခါမှာ သူတို့ လျှော့ပေးလိမ့်မယ်။ သူတို့ မယုံကြည်တဲ့ အခါ test တစ်ခုပဲ ကိုယ့်ကို test လုပ်ကြည့်တဲ့ သဘောပဲ။  ကိုယ့် အလုပ်က အစကတည်းက မခိုင်မာလို့ ရှိရင် အစကတည်းက အရှုံးပေးတာ အကောင်းဆုံးပဲ။ တကယ်လို့ ခိုင်မာလို့ ရှိရင် လူကြီးတွေ ဟုတ်ပြီ၊ ခိုင်မာပြီဆိုပြီး လိုက်လျောတာ များပါတယ်။
အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် ကျွန်တော် မြင်တာကတော့ အဲဒီ အချိန်ကတည်းက အဲဒီ အခက်အခဲကို မကျော်နိုင်တဲ့ သဘောတရား ရှိခဲ့တယ်။ လူကြီးတွေ ဖြစ်နေတာကို မလွန်ဆန် နိုင်ဘူး ဆိုတာကို သူ့ရဲ့ passion က ဒီဖက်မှာ အားနည်းမှု ရှိတယ်ပေါ့ ကျွန်တော် အဲဒီလို မြင်ပါတယ်။နောက်ထပ် မတူညီတာတဲ့ သဘောတွေလဲ ရှိမှာပါ။
(ကိုထွန်းနဲ့ အင်တာဗျူးက အပိုင်းအလိုက် ဖော်ပြပေးမှ အဆင်ပြေပါမယ်။ အခုအပိုင်းကတော့ ကိုထွန်းနဲ့ ပညာရေး အမြင်ပါ၊ နောက်အပိုင်းတွေ ဆက်တိုက် တင်ပေးသွားပါ့မယ်ခင်ဗျ။)
===============

ကိုထွန်းသူရသက်နဲ့ အင်တာဗျုး ဒုတိယအပိုင်းပါ။ အခုမှ စဖတ်မယ့်သူတွေအတွက် ပထမပိုင်းကို ပြန်ညွှန်းလိုက်ပါတယ်။
သီဟ – နောက်မေးချင်တဲ့ အပိုင်းက ကိုထွန်းတို့ မျိုးဆက်ပေါ့နော်။ နည်းပညာနယ်ပယ်မှာ အရမ်း အောင်မြင်ကြပါတယ်။ အဲဒီအဆင့်အထိကို ရောက်ကြပါတယ်။ ဒါပေမယ့် နောက်ပိုင်း မျိုးဆက်တွေမှာတော့ အဲဒီလိုမျိုးအောင်မြင်မှုတွေရဖို့ ခက်ခဲလာတယ်လို့ ခံစားရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်တယ်ဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ဆီမှာ corporate business တွေရှိမယ်၊ အဲဒီနေရာမှာ နောက်ပေါက်တွေအတွက် နေရာလွတ်တွေ ရှိနိုင်ပါ့မလား။ ဒါမှမဟုတ်ရင် နောက်တစ်နေရာ ဖြစ်တဲ့ consumer-based လို့ခေါ်တဲ့ တိုက်ရိုက်ရောင်းလို့ ရတဲ့နေရာပေါ့။ အဲဒီလို အပေါ်မှာရော မှီခိုလို့ရနိုင်မလား၊ အဲဒီ ပုံစံနဲ့သွားရင် အဆင်ပြေပါ့မလားဆိုတာ သိချင်ပါတယ်။

ကိုထွန်း – ကျွန်တော်တို့ ဒီ case ကတော့  စောရောက်တဲ့ လူတွေမှာ အားသာချက် ရှိနေတယ်။ အဲဒီအပြင် အခုမှစပြီး corporate industry ဝင်မယ်ဆိုရင် လွယ်တော့ မလွယ်ဘူး။ ကျွန်တော်တို့ အမြဲပြောတဲ့ domain knowledge ရှိဖို့ လိုတယ်။ ကိုယ်က ERP system တစ်ခု လုပ်မယ်ဆိုရင် အဲဒီအကြောင်း သိဖို့လိုတယ်။ CRM အကြောင်း လုပ်မယ်ဆိုရင် CRM အကြောင်း သိဖို့ လိုတယ်။ ထို အတူပဲ banking လုပ်ရင် formal banking, internet banking, mobile banking စတာတွေကို အပြင် က user သိတဲ့ ပုံစံ နဲ့ သိလို့ မရဘူး။ ကိုယ်က ဒီ architecture အကြောင်း နားလည်ဖို့ လိုတယ်။ ကျွန်တော့်အမြင်အရ entry barrier ပေါ့၊ အသစ်တွေ new entrance အတွက် barrier က corporate ထက် ပိုခက်တယ်။ သူတို့ အမြဲပြောတဲ့ leveled playing field ပေါ့။  အဲဒီ အပေါ်မှာ ကိုယ်က မယှဉ်နိုင်ဘူး။  ကိုယ်နဲ့ ပြိုင်မယ့်သူက အရမ်း အင်အားကြီးနေတယ်။ ဒီဟာကို ကိုယ်က ဘယ်လိုမျိုး strategy နဲ့ နိုင်အောင် တိုက်မလဲ ဆိုပြီး ပြိုင်ဖို့ က အရေးကြီးတယ်။
consumer market ကြတော့ ကျွန်တော်တို့ ပိုလွယ်တယ်ပေါ့။ သူက ပိုလွယ်တယ်ဆိုတာ  consumer က နံပါတ် တစ် vendor လို့ခေါ်တဲ့  ရောင်းသူ profile ကို မကြည့်ဘူး၊ product ကိုပဲ ကြည့်ပါတယ်။ consumer ရဲ့ လိုအပ်ချက်က corporate တွေလို complex မဖြစ်ဘူး။ သူက သူသဘောကျ ရင် သူ ဆုံးဖြတ်ချက် ချလို့ ရတယ်။ corporate မှာကြတော့ အဆင့်ဆင့်တွေ သူတို့တွေ့ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ သူအတွက် purchase decision လုပ်ဖို့ အတွက် process က မတူပါဘူး။ consumer မှာကြတော့ ကျွန်တော်တို့ angry bird ပေါ့။ အရမ်း နာမည်ကြီးခဲ့တယ်။ ဒါမျိုး game တစ်ခု ဆိုလို့ရှိရင် သူတို့မှာ track record ရှိစရာ မလိုဘူး။ အဓိက အရေးကြီးတာ ဒီ game သည် သူများထက် ကောင်းဖို့ အရေးကြီးတယ်။  အဲဒီအခါမှာပေါ့ consumer market က ဖောက်ဖို့ ပိုလွယ်တယ်။
အထူးသဖြင့် လူငယ်တွေရဲ့ အခက်အခဲက သူ့မှာ financially အဖွဲ့ အစည်း အကြီးကြီးတွေလောက် မတောင့်ဘူး။ လူအင်အား အဖွဲ့အစည်းအကြီး လောက် မရှိဘူး။ သူမှာ experience မရှိဘူး။ သူမှာ  ဘာရှိလဲ ဆိုတော့ nothing to lose ပေါ့ဗျာ။ ရှုံးစရာ မရှိဘူး။ သူမှာ technology အသစ်ကို pick up လုပ်ရတာ မြန်တယ်။ အဖွဲ့အစည်း အကြီးတွေက ချင့်ချိန်ရသေးတယ်။  ဒါမှမဟုတ် management က လူတွေက senior တွေက technology နဲ့ ဝေးပြီးတော့ လုပ်ချင်တိုင်း လုပ်လို့ မရတာ ရှိတယ်။ ကိုယ့် individual team သေးသေးလေးကြတော့ အဲဒါတွေ မရှိဘူး။ ဘယ် technology တက်လဲ။ ဒါကို pick up လုပ်လိုက် ၊ adapt လုပ်လိုက်လို့ ရတယ်။
ကျွန်တော် မြင်တာတော့ ဒီဟာ ကိုယ့်ရဲ့ strength  ကိုယ့်ရဲ့ weakness နှစ်ခုကို ချိန်ပြီးတော့ ဘာလုပ်သင့်လဲ ဆိုတာ ကြည့်ဖို့ လိုတယ်။ နိုင်ငံခြားမှာ banking sector မှာ ဥပမာ oracle လို SAP လို Delloit လို အဖွဲ့အစည်း မျိုးမှာ လုပ်ခဲ့တယ်။ သူရဲ့ experience ရှိတယ်။ ပြန်လာမယ်ဆို corporate ကိုဝင်လို့ရတယ်။ ကိုယ်ကနားလည်တယ်။ ဒါပေမယ့် ကိုယ်က fresh graduate ၊ ကိုယ်က အင်တာနက်ပေါ်ကဟာတွေ ဖတ်ပြီးတော့ ဒီ solution တွေကို အပြင်လူ သိတဲ့ အသိနဲ့ လုပ်မယ်ဆိုရင်တော့ corporate level မှာ အရမ်းခက်တယ်။
သီဟ – အဓိက ကွာခြားသွားနိုင်တဲ့ အချက်က domain knowledge အပိုင်ပေါ့။
ကိုထွန်း – ဟုတ်ပါတယ်။ domain knowledge အပိုင်းပါ။ အဓိက နောက်တစ်ခုက size ပါ capacity မတူပါဘူး။ individual နဲ့ corporate မှာ အဲဒီလို တစ်ဖက်စီ မတူတာတွေ ရှိနေပါတယ်။
သီဟ – ဟုတ်ကဲ့ အခုလို ကွာခြားချက်တွေကို သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲဒါနဲ့ ဆက်စပ်ပြီး ကျွန်တော် မေးချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ corporate market က အထူးသဖြ government sector ပေါ့ အဲဒီနေရာမှာရော လူငယ်တွေအတွက် နေရာလွတ်တွေ ရှိနိုင်မလား။ လူငယ်တွေအတွက် နောက်ပေါက်တွေအတွက် ဘယ်လို အနေအထားမျိုးတွေ ရှိနေမလဲ။ အဲဒီအပြင် အခုအချိန်မှာ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေလဲ ပြောင်းလာပြီ။ ရင်းနှီးမြှတ်နှံမှု တွေလဲ ဝင်လာတော့မယ်။ အဲဒီလို ဝင်လာတဲ့အခါ corporation ကြီးတွေ ဝင်လာနိုင်ပါတယ်။ အဲဒီလို ဝင်လာတဲ့အခါ ဒီဖက် မြန်မာနိုင်မှာ ရှိနေတဲ့ corporation ကြီးတွေနဲ့ ဘယ်လို တိုးတိုက်မှုတွေ ရှိနိုင်သလဲ။ ဘယ်လိုအခြေအနေတွေ ဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်။
ကိုထွန်း – ကျွန်တော် မြင်တာကို ပြောရမယ်ဆိုရင် အဲဒါက very complex situation ပါ။ FDI လို့ခေါ်တဲ့ foreign direct investment လာမယ်။ အဲဒီ အခါမျိုးမှာ အခုထက် အဆများစွာ ကြီးတဲ့ company တွေကို ကျွန်တော်တို့ local company တွေက ရင်ဆိုင်ရမှာပဲ။ ဒီကိစ္စက ကျွန်တော်တို့ industry တင်မကဘူး။ ကျွန်တော်တို့ ဘဏ် တွေကို ကြည့်မလား၊ any sector မှာ တွေ့မယ်။ ကျွန်တော်တို့ အဲဒီ inevitable ပါ။ ရှောင်လွှလို့ မရပါဘူး။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ အနေနဲ့ ကြည့်ရမှာ ဒါကို လက်ခံဖို့လိုတယ်။ ဒီ change တွေကို new game၊  game plan အသစ်ကို တည်ဆောက် နိုင်ဖို့ လိုတယ်။
ဒါကတစ်ပိုင်းပါ။ နောက်တစ်ပိုင်းက company အငယ်တွေ၊ ပြီးတော့ team တွေ corporate industry ကို ဝင်လို့ ရနိုင်သလားဆိုတော့ ရနိုင်တာပေါ့။ မရဘူး ပြောတာ မဟုတ်ဘူး။ ကျွန်တော် ပြောချင်တာက company အကြီးကြီးနဲ့  အဖွဲ့အသေးလေး နဲ့ မတူတာတွေ၊ အမြဲတမ်း အကြီးက အားသာတာ မဟုတ်ဘူး။ သူ့မှာမှာ အားနည်းချက်ရှိတယ်။ ဒါပေမယ့် ဒါကို ကိုယ်နားလည် ဖို့လိုတယ်။ ပြိုင်မယ်ဆိုရင် ကိုယ်က ဘယ်နေရာမှာ ပိုအားသာ သလဲ၊  ဒါကို focus လုပ်၊  ကျွန်တော် ခုနက ပြောသလို technology အသစ်ဖြစ်တဲ့ mobile application တွေ ရေးနိုင်တယ်။ ကိုယ်က ရင်းနှီးဖို့ မြှတ်နှံဖို့ လိုတယ်။ company အကြီး လိုတော့ ဒါလေးပြ ယူပါဆိုပြီးတော့ တော့ မှန်း လို့ မရဘူး။ proof လုပ်ဖို့လိုတယ်။ ဥပမာ customer တွေကို။
အများစု ကျွန်တော် တွေ့တဲ့ အခါ ဘာကြောင့် company ငယ်တွေကို corporate က စိတ်မဝင်စားတာလဲ၊ သိပ်ပြီးတော့ လက်မခံတာလဲ ဆိုတော့ သူတို့မှာ ခံခဲ့ရတာတွေ များတယ်။  လာလုပ်ပေးတယ်။ နောက်တစ်လ၊ နှစ်လ ကြာတဲ့ အခါမှာ မရှိတော့ဘူး။  ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ အဖွဲ့က တစ်ယောက် နိုင်ငံခြား ထွက်သွားပြီ။ အဲဒီ sustainability မှာ company အသေးတွေက အားနည်းတယ်။ တစ်ချို့က hit and run ပေါ့၊ အသစ်တစ်ခုရတယ်၊  ပြီးရင် ဒါကို catch လုပ်ပြီးတော့ တခြားနိုင်ငံ သွားတာမျိုး လုပ်ကြတယ်။  အဲဒီလိုမျိုး image ကို ပြန်ဖျက်ဖို့ လိုတယ်။ ကျွန်တော် လုပ်ပေးမယ်၊ ကျွန်တော်ကို အားကိုး လို့ရတယ် ဆိုတဲ့ image မျိုး ပြန်ဖြစ်အောင် လုပ်ဖို့ လိုတယ်။ ကိုယ့်မှာလည်း ဒီလို proof လုပ်ပြဖို့ လိုတယ်။
Company အကြီးကတော့ သူက business လုပ်နေတာ၊ သူ့မှာ ခင်တာမင်တာ မရှိဘူး။ သူ့အလုပ် အဆင်ပြေဖို့ လိုတယ်။ သူ့ အလုပ် အဆင်ပြေဖို့  short term၊ mid term၊ long term ရှိတယ်။ ဒါကို အဆင်ပြေအောင် assurance ပေးနိုင်ရမယ်။ company အကြီးတွေလိုတော့ သွားပြီးတော့ data၊ ဒီ software ဒီလောက် ရှိတယ်၊  ဒီလောက် ပေးရမယ် သွားလုပ်လို့ မရဘူး။ ကိုယ်က proof လုပ်သင့်ရင် လုပ်ရမယ်။ ကျွန်တော့်ဟာ စမ်းကြည့်ပါ စသည်ဖြင့် လုပ်ရပါမယ်။
ကျွန်တော်တို့ နိုင်ငံခြားမှာ သွားပြီးတော့ MIT အနေနဲ့ သွားလုပ်တဲ့ အခါ ဒီတိုင်းပဲ။ ဒီမှာသာ ကြီးတာ၊ ကျွန်တော်တို့ဟာ ဟိုရောက်တဲ့ အခါ အသေးဆုံးထဲမှာ ပါတယ်။ အဲဒီအခါ သွားပြီးတော့ တံခါး ခေါက်ပြီးတော့ ကျွန်တော်တို့ software သုံးပါ၊ ဝယ်ပါ ပြောလို့ မရဘူး။ အရင်ဆုံး ဘာလုပ်ရလဲ ဆိုတော့ ကျွန်တော်တို့က အရမ်းသေးတဲ့ company ကိုသွားရောင်းရင် သိပ်မထူးခြားဘူး။ ကျွန်တော်တို့မှာ ရောင်းရတာပဲ ရှိတယ်။ သိပ်ပြီး reference လုပ်လို့ မရဘူး။
အဲဒီတော့ကျွန်တော်တို့ target လုပ်တယ်။ ဘယ် company တော့ ဒီ sector မှာ အလုပ်ရခဲ့ရင်တော့ reference ကောင်းမယ်။  အဲဒီ အတွက် ကျွန်တော် personal approach လုပ်တယ်။ customer တိုင်းတော့မရဘူးပေါ။ customer ဆယ်ယောက် try လို့ရှိရင် အယောက်နှစ်ဆယ် try လို့ရှိရင် တစ်ယောက်က ကိုယ့်ကို အခွင့်အရေး ပေးလိုက်တယ်။ အခွင့်အရေးပေးတဲ့ဟာကို အခွင့်အရေးလို့ မြင်ရမယ်။ at any costs ပေါ့နော်။ invest လုပ်ဖို့လိုမယ်။ ဘယ်သူနဲ့ ယှဉ်ယှဉ်သာတယ် လို့ မြင်သွားအောင် လုပ်ပြရမယ်။
အဲဒီ အခါမှာ customer က ကိုယ့်ကို ယုံကြည်သွားတယ်။ တစ်ယောက်ရရင် နှစ်ယောက်ရလို့ ရတယ်။ တစ်ချို့ကြတော့ complain လုပ်လွန်းအားကြီးတာ တွေ့တယ်။ ကျွန်တော် တွေ့တာပေါ့နော်။ တချို့ လူငယ်တွေတွေ့တာပေါ့နော် ဒီ company က အနိုင်ကျင့်တယ်။ ဒီ company က ကိုယ့်ကို ဗိုလ်ကျတယ်။ ကျွန်တော်မြင်တာ အဲဒီလို မြင်တာမျိုး မမြင်စေချင်ဘူး။ သူ့က ကိုယ့်ဟာကို သုံးတယ်ဆိုတာ နဲ့ ကိုယ့်ကို အခွင့်အရေးပေးနေတာ၊ proof လုပ်ပြရမယ်။  ဒီ company က first company၊  first customer ကို  အရှုံးအမြတ် သွားမဆွဲနဲ့။  အားလုံး investment ပဲ။ expense မဟုတ်ဘူးလို့ ကိုယ်က ယူဆဖို့ လိုတယ်။အဲဒီ customer ကိုယ့်ကို သဘောကျသွားပြီ ဆိုတာနဲ့ စပြီးတော့ ကိုယ်က နောက်တစ်ယောက် ရှာလို့ရတယ်။ အဲဒီ customer တစ်ယောက်မှာ စကတည်းက fail ဖြစ်လို့ ရှိရင် ကိုယ်က နောက်တစ်ယောက် မရနိုင်တော့ဘူးပေါ့။ ကျွန်တော်တို့လည်း နိုင်ငံခြားမှာ သွားတုန်းက အဲဒီလို လုပ်ခဲ့တယ်။
မြန်မာပြည်မှာ company စတဲ့အခါ MIT က first မဟုတ်ဘူး။ ကျွန်တော်တို့ ဆီမှာ company အကြီးကြီးတွေ ရှိတယ်။ MCC တို့ ACE တို့ Integra ဆိုတာ ရှိတယ်။ ကျွန်တော် ကျောင်းပြီးလို့ ပြန်လာတဲ့ အချိန် အလုပ်လုပ်ပြီး ပြန်လာတဲ့ အချိန်မှာ ထွန်းသူရသက် ဆိုတဲ့ လူကို တစ်ယောက်မှ မသိကြဘူး။ မကောင်းတာက ကျွန်တော် သွားပြောတဲ့ အခါကြရင် သူတို့ နားမထောင် ချင်ကြဘူး။ ကောင်းတာက ဘာလဲ ဆိုတော့ ကိုယ့်ကို ပြိုင်ဘက်တွေက ရှိတယ်လို့ မယူဆထားကြဘူး။ အဲဒီတော့ ကိုယ်က လှုပ်ရှားလို့ ရတယ်ပေါ့နော်။ ကိုယ်က ကိုယ်လုပ်ချင်တဲ့ strategy ကို plan ချပြီးတော့ လုပ်လို့ရတယ်ပေါ့။ အစမှာတော့ ကျွန်တော်တို့ ဒီတိုင်းပဲ တွေ့မှာပဲ။ MIT ဆို company ကတစ်ယောက်မှ ကျွန်တော်တို့ကို မသိဘူး။ ဘယ်ပြိုင်ဖက်ကမှ ကျွန်တော်တို့ကို မမြင်ရဘူး။ အဲဒီအခါမှာ ကျွန်တော်တို့ ပြင်ဆင်ထားလို့ ရတာပေါ့။
ဒါပေမယ့် ကိုယ့်မှာ strategy ရှိဖို့လိုတယ်။ ကိုယ်သွားချင်တဲ့ vision ခေါ်တာပေါ့။ 5 years ဘာဖြစ်ချင်လဲ ဆိုတာကို အဲဒါကို မကြည့်နိုင်ရင် လုပ်ငန်းက အဆင်မပြေနိုင်ဘူး။ ဒီ အချိန်မှာ တစ်နှစ်၊ နှစ်နှစ်ကို မကြည့်နဲ့။ ကျွန်တောမြင်တာလေ အဲဒီ ငါးနှစ် ကိုကြည့်။ အဲဒီ ငါးနှစ်ရောက်ဖို့ကို ကိုယ် လမ်းကြောင်းချ၊ အချိန်၊ effort၊ entrepreneur ဆိုရင်လဲ ဝန်ထမ်း တစ်ယောက်လို လွယ်လွယ်ကူကူ လုပ်လို့မရဘူး။ အားလုံး သူလုပ်ဖို့လိုတယ်။ အားလုံး သူထည့်ဖို့ လိုတယ်။
သီဟ – ကျွန်တော်တို့ ဆီမှာ အချိန်ယူဖို့ အတိုင်းအတာ မှာ အားနည်းချက်တွေ အများကြီး ရှိမယ် ထင်ပါတယ်။ တစ်နှစ်လောက် လုပ်၊ မအောင်မြင်ဘူး ဆိုရင် အကုန်လုံး ကွဲသွား ကြတာလည်း ရှိတယ်။ အဲဒါကြောင့်မို့လို့ သူ product က ကောင်းတယ်ပဲ ထားဦး။ support မရှိရင် နောက်ကနေ support မလိုက်နိုင်ရင် လုပ်လို့မရတော့တဲ့ အနေအထား တွေလည်း အများကြီး ရှိမှာပေါ့။
ကိုထွန်း – ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါလည်း ပါတာပေါ့နော်။  သူငယ်ချင်း ငါးယောက်လုပ်လို့ ရှိရင် ကျွန်တော်မြင်တာ တစ်ယောက်ကတော့ leader ဖြစ်ရမယ်။  ဒါကို လက်ခံဖို့  သူ့ရဲ့  structure ရှိဖို့ လိုတယ်။ level တူ သုံးယောက် ပြိုင်တူ လုပ်တယ် ဆိုရင် မဖြစ်ဘူး ထင်တယ်။
သီဟ – leading role မှာရှိတဲ့ လူတစ်ယောက် ရှိဖို့ ကောင်းကောင်း လိုအပ်တယ်ပေါ့။
ကိုထွန်း – ဥပမာ role ခွဲထားဖို့ လိုမယ်။ ကျွန်တော်တို့ လူကြီးတွေ ပြောတာရှိတယ်။ Thinker၊ Doer၊ Shaker၊ Mover ရှိတယ်။ Thinker က စဉ်းစားတဲ့ လူ၊  သူက အရမ်း စဉ်းစားတယ်။ ကျွန်တော်တို့ MIT စတော့ ကိုချစ်ထွန်းဖေ ပါတယ်။ သူက Thinker၊  ကျွန်တော်က Doer ပေါ့နော်။  ကျွန်တော်က Think လုပ်တယ် လက်တွေ့ကျတဲ့ဟာ လုပ်တယ်။ ဒီ နှစ်ခု လိုတယ်ပေါ့နော်။ တစ်ယောက် တည်း ရှိရင် နှစ်ခု လုံး လုပ်ရမှာပဲ။ တစ်ချို့ အဖွဲ့အစည်းတွေမှာတော့ စဉ်းစားတဲ့ လူကတစ်ယောက်၊ လုပ်တဲ့ လူက တစ်ယောက်ပေါ့။ နှစ်ယောက် ဖြစ်လို့ ရတယ်။ ဒါမျိုးပေါ့။  team တော့ ရှိဖို့ လိုတယ်။ structure ရှိဖို့ လိုတယ်။ Thinker က စဉ်းစားတယ် ၊ Doer က လုပ်တယ်၊  Mover ဆိုတာက ရွေ့လျှားလို့ ရတယ်။ အပြောင်းအလဲ လုပ်လို့ရတယ်။ နောက်တစ်ခုက Shaker၊ Shaker က တစ်ခုခု ဖြစ်လာအောင် လုပ်တယ်ပေါ့။ Shaker လည်း လိုတယ်လေ သူက အဖွဲ့အစည်းမှာကော နိုင်ငံ တစ်နိုင်ငံမှာကော လိုတယ်။
ဆက်ပါဦးမယ် ..
(Credit to )


No comments:

Post a Comment