ဒီတစ်ခါ product review အတွက် ရွေးချယ် ဖြစ်သူက ကိုထိန်လင်းရွှေ ဖန်တီးသည့် Sar ဆိုသည့် iOS App ဖြစ်သည်။
အမျိုးအစား – iOS App
အသုံးပြုနိုင်သည့် Device များ – iPhone 3GS, iPhone 4, iPhone 4S, iPod Touch (3rd generation)? iPod Touch (4th generation) and iPad.
လိုအပ်သည့် iOS Version – iOS 5.0 or later
App အမျိုးအစား – Productivity
Version – 1.0
Size – 1.5MB
Released – Jul 17, 2012
Seller – Htain Lin Shwe
ရေးသားရသည့် ရည်ရွယ်ချက် – Myanmar Developer တစ်ယောက် ဖန်တီးထားသော App တစ်ခုဖြစ်သည်နှင့်အညီ ဂုဏ်ယူ ဝမ်းမြောက်စွာ ရေးသားမှတ်တမ်းတင်လိုသည်က တစ်ပိုင်း၊ ယခုထက် ပိုမိုကောင်းမွန်သော App အဖြစ် အဆင့်မြှင်တင် နိုင်စေရန် ရည်ရွယ်၍ တစ်ပိုင်း ရေးသားလိုက်ရပေသည်။
User Interface အပိုင်း

နောက်တစ်ခု တစ်ပြိုင်တည်း ပြေးမြင်မိသည်က Notability က User Guide။ နမူနာပုံစံကို တစ်ခါတည်း တွဲပြထားသည်။
သူက User Guide အပိုင်းမှာ KWrite ထက် ပိုကောင်းသည်ဟု ဆိုနိုင်သည်။ သို့သော် KWrite က ပိုပြီး သုံးလို့ ကောင်းသလို ပိုပြီး ရိုရှင်းသည်။ Document များကို Browse လုပ်သည့် အခါတွင်တော့ ပုံစံ သိပ်မကျဟု မြင်မိသည်။
ကိုထိန်လင်းရွှေ၏ Sar iOS App တွင် အဆိုပါ လုပ်ဆောင်ချက်များ ပါဝင်လျှင် ပိုပြီး ပြည့်စုံကောင်းမွန် သွားမည်ဟု အကြံပြုလိုသည်။ KWrite နှင့် Notability တို့တွင် စာရိုက်သည့်အခါ ကျယ်ကျယ်ပြန့်ပြန့် ရှိစေလိုသည့်အတွက် အပြင် iPhone, iPod Touch စသည်တို့တွင်ပါ အဆင်ပြေစေရန် တည်ဆောက်ထား သည့်အတွက် Dictionary စသည်တို့တွင် သုံးသည့် UI ကို သုံးလေ့မရှိပေ။ နမူက အောက်တွင် ပြထားသည့် အတိုင်း ဖြစ်သည်။
အသုံးပြုမှုအပိုင်း
User Interface ပိုင်းအရ အနည်းငယ် ကသိကအောင့် ဖြစ်မိသော်လဲ ပြန်လည် ပြုပြင်လိုက်လျှင် အလွန်ပြည့်စုံသွားမည် ဆိုသည်ကို သိသည့်အတွက် ရှေ့ဆက် စမ်းသပ်ဖြစ်သည်။ အနည်း ငယ်လေ့လာ လိုက်သောအခါ မည်သို့ လုပ်ကိုင် ဆောင်ရွက်ရမည်ဆိုသည်ကို တီးမိခေါက်မိရှိသွားသည်။ သို့သော် ထိုကဲ့သို ပြန်လည် သင်ယူနေရခြင်းသည် iOS App များ၏ ထုံးစံမဟုတ်ဟု ဆိုနိုင်သည်။ သင်စရာမလို ငှက်ပျောသီး အခွံနွာစားရသလောက် လွယ်ဖို့လိုသည်။ ဒါကလဲ KWrite ကဲ့သို့ အနည်းငယ် ပြုပြင်လိုက်လျှင် အဆင်ပြေသွားနိုင်သည်ဟု ယူဆမိသည်။ အောက်တွင် ပြထားသော Screenshot များသည် Sar App ၏ screenshot များဖြစ်ကြသည်။

ဤနေရာတွင် အခွင့်သင့်သည့်အတွက် ပြောလိုသည်မှာ ပရဟိတ သဘောမှ ရောင်းချနိုင်သော App များ အဆင့်သို့ ချဉ်းကပ်လာနိုင်သော နမူနာများ ဖြစ်သည်။ ကိုထိန်လင်းရွှေသည် မြန်မာစာနှင့် ပတ်သက်ပြီး Contribution များစွာ ပြုလုပ်ခဲ့သည်နှင့်အညီ အခုလို ရောင်းချသည့် App တစ်ခုတွင်လဲ အတွေ့အကြုံများကို ပေါင်းစပ် အသုံးချနိုင်ကြောင်း တွေ့ရသည်။ ထို့ပြင် ကိုသန့်သက်ခင်ဇော်သည်လဲ မြန်မာစာနှင့် ပတ်သက်သော KeyMagic ကဲ့သို့သော Input App များကို အခမဲ့ ဖန်တီးဖြန့်ဝေခဲ့သူ ဖြစ်သည်။ သန့်သက်ခင်ဇော်သည် Mogok Browser ကို in-app purchase စနစ်ဖြင့် ရောင်းချသော iOS App အဖြစ် ဖြန့်ချီနိုင်ခဲ့ပြီး စင်္ကာပူနိုင်ငံ၏ အရောင်းရဆုံး App များ Top 10 တွင် ပါဝင်လာနိုင်သည် အထိ အောင်မြင်ပေသည်။
စာရိုက်ရာတွင် Keyboard စီစဉ်တင်ဆက်ပုံ အလွန်ပုံစံကြသည်ဟု အမှတ်ပေးလိုသည်။ စာရိုက်သည့် နေရာကျယ်ဝန်းသည့်အတွက် Keyboard အနေအထား ပြည့်စုံသည်ဟု ဆိုနိုင်သည်။ အနည်းငယ် အကြံပြုလိုသည်က ZG -> EN စသည်ဖြင့် ချိန်းသည့်နေရာဖြစ်သည်။ သိပ်မထင်ရှားဟု ခံစားရသည်။ စာရိုက်ရာတွင် မတော့ အတော်လေး အဆင်ပြေတာ တွေ့ရသည်။
Sar မြန် ဇော်ဂျီ စာရိုက်စနစ်တွင် Virtual Keyboard နှင့် Hardware Keyboard Support ပါဝင်သည်။ အဓိက အကြီးမားဆုံး အားသာချက်မှာ Hardware Keyboard Support ဟု ဆိုရမည် ဖြစ်သည်။ iPad ကို Jailbreak လုပ်လိုက်လျှင် Zawgyi ထည့်ပြီး ကိုမိုးဆက် Czech ကီးဘုတ်ကို ထည့်သွင်းနိုင်သော်လဲ Keyboard Switching အပိုင်းတွင် iPad အတွက် သီးသန့် မဟုတ်သော Bluetooth KB များတွင် ပြောင်းလို့မရသည့် အခြေများ ရှိနေသည်။ အဆိုပါ အခက်အခဲကို Sar App က အလွယ်တကူ ဖြေရှင်း ပေးထားသည်။
Bluetooth Keyboard ကို ချိတ်ဆက်ပြီး စမ်းသပ်ကြည့်သောအခါ Shift + ~ နှင့် ပြောင်းရသည်။ ထိုကဲ့သို့ ပြောင်းသည့်အခါ အခက်အခဲများ ရှိနိုင်ကြောင်း စိတ်ထဲတွင် ပေါ်လာသည်။ ဥပမာ ဂ္ဂ ကဲ့သို့ ရိုက်မည်ဆိုလျှင် ဇော်ဂျီအတိုင်း ရိုက်ဖို့ အခက်အခဲ ဖြစ်လာနိုင်ကြောင်း သတိထားမိသည်။ သတိထားမိသည့်အတိုင်း စမ်းရိုက်ကြည့်သောအခါ ရိုက်မရ။ နောက်မှ ရိုက်နိုင်သည့် ပုံစံကို ကိုထိန်လင်းရွှေကို မေးကြည့်ပြီး ရိုက်လို့ရသွားသည်။
ခက်သည်က Bluetooth KB Switching တွင် Comnand + Space ကို သုံး၍ မရခြင်းပင်။ ထိုအတွက် အခြား ကီးတစ်ခု အစားထိုးရဟန်တူသည်။ ထိုကဲ့သို့သော ပြသနာအတွက် Support Center လေး ထားလိုက်လျှင် အဆင်ပြေနိုင်ပေသည်။
ပထမတစ်ခါ BlueTooth KB ကို ချိတ်ဆက်အသုံးပြုရာတွင် အဆင်ပြေသော်လဲ နောက်တစ်ခါ ချိတ်ဆက်ပြီး KB Switching လုပ်ရာတွင် ဘယ်လိုမှ လုပ်မရတော့။ JailBreak လုပ်ပြီး ဇော်ဂျီ သွင်းထားသည့်အတွက် မရသည်လား။ ကိုမိုးဆက်၏ Czech ကို ပြင်ထားသော ဇော်ဂျီကီးဘုတ်ကြောင့်လား၊ အတော်ရွာလည်သွားသည်။ နောက်ဆုံး အဖြေတွေ့သွားသည်က Screen Rotation ကို ပြောင်းလိုက်ခြင်းကြောင့် ဖြစ်သည်။ အောက်တွင် ပြထားသော Screen အနေအထားတွင် KB Switching လုပ်ရာတွင် အဆင်မပြေကြောင်း တွေ့ရသည်။
ရှေ့ဆက်ပြီး အခက်အခဲရှိနိုင်မည့် ပါဋ္ဌိ စာသားများကို ရိုက်ကြည့်ရာ ကိုထိန်လင်းရွှေ၏ မြန်မာစာလက်ကွက် အပေါ် အတွေ့အကြုံရင့်ကျက်မှု၊ ပုံမှန်ရှိပြီးသား အလေ့အကျင့်များ အပေါ်အသုံးချနိုင်မှု စတာတွေ ပေါ်လာသည်။
နောက်ဆုံး သုံးသပ်ချက် ပြုရလျှင် Bluetooth KB လေး ချိတ်ပြီး မြန်မာစာရိုက်ချင်နေသည့် ကျွန်တော်အတွက် အလွန်အဖိုးတန်သော App လေးတစ်ခု ဖြစ်ပေသည်။ တစ်ခါက နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့် စကားစမြည် ပြောဖူးသည်။ သူက ပြောသမျှစကားများကို အိုင်ပက်နှင့် Bluetooth ချိတ်ဆက်ပြီး လိုက်မှတ်သည်။ ကျွန်တော် အလွန်သဘောကျမိသည်။ ကျွန်တော်က နည်းပညာ သမားများကို အင်တာဗျူးလေ့ရှိသည်။ သူတို့ကို အင်တာဗျူးသည့်အခါ တစ်ခါတည်း စာရိုက်ပြီး မှတ်တမ်းတင်လိုသည်။ လက်တော့ သယ်သွားဖို့က မဖြစ်နိုင် အလေးချိန်များလွန်းသည်။ iPad လေးနှင့် Bluetooth KB တို့ဆိုလျှင် ပေါ့ပေါ့ပါးပါးနှင့် သယ်သွားနိုင်သည်။ နောက်တစ်ခါ အဆိုပါ နိုင်ငံခြား သတင်းထောက်နှင့် တွေ့လျှင် This is Myanmar App, I can type in Myanmar with Bluetooth KB. One of the Myanmar Developers, Ko Htain Lin Shwe, create it and sell it on Apple App store. လို့ ခေါင်းမော့ရင်ကော့ပြီး ကြွားနိုင်တော့မည် ဖြစ်သည်။
Thiha (Myanmar Links)
No comments:
Post a Comment