Sunday, September 2, 2012

Linux on Android

အမှန်တော့ Ubuntu on Android ဆိုပြီးခေါင်းစဉ်တပ်မလို့ပါ။ ဒါပေမယ့် သူက Ubuntu တင်မကဘဲ Backtrack ရော Debian ပါ ရပါတယ်။ အဲဒါနဲ့ပဲ Linux on Android လို့ ခေါင်းစဉ်တပ်လိုက်ရခြင်းဖြစ်ပါတယ်။

Linux on Android ဆိုတာ ဘာလဲ

Linux on Android ဆိုတာ Android ပေါ်မှာ Linux distro တွေဖြစ်တဲ့ Ubuntu, Backtrack, Debian တွေကို တင်ပြီး သုံးနိုင်တဲ့ app ဖြစ်ပါတယ်။

အဲဒါ ဘာကောင်းလဲ။

Android ပေါ်မှာ ubuntu တင်ပြီးသုံးနိုင်မယ်
တစ်ချိန်ထဲမှာ Android ကို ရော Ubuntu ကို ပါ တွဲသုံးနိုင်မယ်။
ARM စက် တွေအတွက် ရည်ရွယ်ပြီး ပြုပြင်ထားလို့ မိုဘိုင်းဖုန်းတွေ၊ တက်ဘလက်တွေအတွက် အထူးသင့်တော်တယ်။
အလွန်ပေါ့ပါးသွက်လက်တဲ့ LXDE Desktop သုံးထားတယ်။
Ubuntu update Manager နဲ့ Software centre တွေ ကောင်းကောင်း အလုပ်လုပ်ပါတယ်။
ကိုယ့် ဖုန်း၊ တက်ဘလက်ထဲရဲ့ internal နဲ့ external SDCard တွေကို ubuntu ထဲကနေ လှမ်းခေါ်လို့ရပါတယ်။
Resolution ပြောင်းလို့ရတယ်။ (ကိုယ့် device နဲ့ ကိုက်ညီမယ့် screen resolution ကို ရွေးလို့ရပါတယ်။
Intallation Type ရွေးလို့ရတယ်။ (large နဲ့ lightweight ဆိုပြီး နှစ်မျိုးရှိပါတယ်။

ဘယ်လိုသွင်းရမှာလဲ

အရင်ဆုံး ကိုယ့်စက်မှာ သွင်းလို့ ရမရ ဒီမှာ စစ်ကြည့်ပါ။
Linux Installer APK ဖိုင်ကို ဒီမှာ ဒေါင်းပါ။
AndroidVNC APK ဖိုင်ကို ဒီမှာဒေါင်းပါ။
Terminal APK ဖိုင်ကို ဒီမှာ ဒေါင်းပါ။

Linux ဒေါင်းရန်


(ကိုယ်ကြိုက်တဲ့တစ်ခုရွေးပြီးဒေါင်းလိုက်ပါ)
Ubuntu 12.04 v4 Small ကို ဒီမှာ ဒေါင်းပါ။ (ဒါက LXDE desktop ပါပြီး 400MB လောက်ကို ဒေါင်းလုဒ်ဆွဲရမှာ ဖြစ်ပါတယ်။ ဖြည်ချလိုက်ပြီးတဲ့နောက်မှာ 2GB လောက်ရှိမှာဖြစ်ပြီး 1GB နေရာလွတ် ရှိမှာဖြစ်ပါတယ်။ firefox ပါဝင်ပါတယ်။)
Ubuntu 12.04 v4 Full ကို ဒီမှာ ဒေါင်းပါ။ (ဒါက Unity ပါပြီး ဆော့ဝဲတော်တော်စုံစုံလင်ပါရှိပါတယ်။ 1.3 GB လောက်ကို ဒေါင်းလုဒ်ဆွဲရမှာ ဖြစ်ပါတယ်။ ဖြည်ချလိုက်ပြီးတဲ့နောက်မှာ 3.5GB လောက်ရှိမှာဖြစ်ပြီး 1.5GB နေရာလွတ် ရှိမှာဖြစ်ပါတယ်။)
Backtrack V8 Image (ဒီမှာ)
Debian v4 Small (ဒီမှာ)
Debian v4 Large (ဒီမှာ)
ဒေါင်း ပြီးရင် zip ဖိုင်ကို SDcard ထဲမှာ folder ဆောက်ပြီး ဖြည်ချလိုက်ပါ။
Linux Installer icon လေးကို နှိပ်ပြီး Launch ကို ရွေးလိုက်ရင် Terminal ပေါ်လာပြီး ပြင်ဆင်စရာတွေရှိတာ ပြင်ပါလိမ့်မယ်။ 


အဲဒါတွေပြီးရင်တော့ သင့် device ပေါ်မှာ Linux က run နေပါပြီ။
GUI ရဖို့အတွက်က VNC မှာ IP ကို localhost ပေးပြီး password ကို ubuntu လို့ ပေးလိုက်ရင် GUI ပေါ်လာပါလိမ့်မယ်။ 

သိထားဖို့လိုတာတွေက
Terminal app က Linux Terminal အနေနဲ့ run ပါတယ်။ offline install လုပ်ဖို့တို့ဘာတို့ကို Terminal app ကနေ သွင်းနိုင်ပါတယ်။
သွင်းရင် SDcard ထဲထည့်ပြီး Terminal ကနေ ခေါ် သွင်းလို့ရပါတယ်။
အားလုံးပြီးသွားလို့ ပိတ်ချင်တယ်ဆိုရင် Terminal ကနေ exit ရိုက်ထည့်ပြီး ပိတ်လို့ရပါတယ်။


အားလုံး အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
(Credit to )

No comments:

Post a Comment