SEO ဆိုတာ ဘာလဲ
SEO (Search Engine Optimization) ဆိုတာ ဘာလဲ။ SEO ဆိုတာ ကိုယ့်ရဲ့ Website ဒါမှမဟုတ် Page ကို Search Engine တစ်ခုခုမှာ အမြင့်ဆုံး Rank(အဆင့်) ရောက်အောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ SEO လို့ ဆိုလိုက်တာနဲ့ Search Engine တိုင်းအတွက် ရည်ရွယ်ပြီး တည်ဆောက်ကြရပေမယ့် တကယ်တန်း လက်တွေ့မှာတော့ Search Engine တွေရဲ့ ထိပ်ခေါင် Google အတွက်သာ ဦးတည်ချက်ထား တည်ဆောက်လေ့ ရှိပါတယ်။ အဲဒီလို Google ကို ဦးတည်ရတယ် ဆိုတာလဲ Google မှာသာ Page Rank တက် ကျန်တဲ့ Search Engine တွေမှာလဲ Page Rank တွေ တက်ပြီး ဖြစ်တယ်လို့ သတ်မှတ်နိုင်တဲ့ အတွက်ဖြစ်ပါတယ်။ Google ကိုယ်တိုင်ကလဲ Search Engine တွေနဲ့ ပတ်သက်တဲ့ ရှာဖွေပုံ၊ အချက်အလက် စုဆောင်းပုံတွေမှာ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပြီး ဖြစ်နေတဲ့ အနေအထားကြောင့်လဲ ပါပါတယ်။
SEO နဲ့ ပတ်သက်ပြီး အကောင်းဆုံး နည်းလမ်းတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က အလွန်ကျော်ကြား လူသုံးများတဲ့ အလုပ်ဖြစ်ခဲ့တဲ့ SEO နဲ့ပတ်သက်တဲ့ နည်းလမ်းတွေ ဆောင်ရန်၊ ရှောင်ရန်တွေဟာ အခုအချိန်မှာ ထိရောက်မှုမရှိတော့တာ တစ်ခြား ပေါင်းစပ် ဖြည့်စည်းစရာတွေ ရှိနေတတ်ပါတယ်။ SEO နဲ့ ပတ်သက်ပြီး သေချာတာတော့ ဘယ်သူမှ ၁၀၀ ရာခိုင်းနှုန်း အာမခံနိုင်တဲ့ နည်းလမ်းကို မပြောနိုင်ပါဘူး။ အဲဒီလို ဖြစ်ရခြင်း အကြောင်းအရင်းကလဲ ရိုးရှင်းပါတယ်။ Search Engine တွေအနေနဲ့ ရှာဖွေရေးတွေ လုပ်တဲ့အခါမှာ ဘယ် Web Page ကတော့ဖြင့် အြမင့်ဆုံးနေရှာမှာ ရှိသင့်တယ်ဆိုတဲ့ အပေါ် တိုင်းတာတဲ့ နေရာမှာ မတူညီတဲ့ ကွန်ပျူတာနဲ့ တွက်ချက်ပြီး ထုတ်ယူထားတဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုနေတဲ့ အတွက်ကြောင့်ပါပဲ။
လူတွေအနေနဲ့ Google က SEO ဘယ်လိုလုပ်သလဲဆို သေသေချာချာ သိသွားပြီ ဆိုတာနဲ့ သူတို့ Website တွေကို အလွယ်တကူ Page Rank တက်သွားအောင် လုပ်လို့ ရနေမှာ ဖြစ်တဲ့အတွက် Google အနေနဲ့လဲ အသိခံလို့ မဖြစ်သလို အချိန်နဲ့အမျှ ပြောင်းလဲနေဖို့လဲ လိုပါတယ်။ Search Engine ပြင်ပက SEO အတွက် ကျိုးပမ်းသူများအနေနဲ့ SEO အတွက် အကောင်းဆုံး ပုံစံတစ်ခုကို ရရှိစေဖို့အတွက် အတွေ့အကြုံတွေ အပေါ်မှာသာ အဓိကထား တည်ဆောက်ရလေ့ ရှိပါတယ်။ high rank website တွေရဲ့ လုပ်ထုံးလုပ်နည်းတွေ အဲဒီ Website တွေရဲ့ တူညီတဲ့ အချက်တွေ အပေါ်မှာ နည်းလမ်းတွေကို ရှာဖွေ ဖော်ထုတ်ကြရပါတယ်။
SEO ဖြစ်စေဖို့ရန် နည်းလမ်းပေါင်းစုံရှိနေပေမယ့် မပြောင်းမလဲ တည်ရှိနေတဲ့ နည်းလမ်းတစ်ခုကတော့ Web Page ကို အခြား Website များက မည်မျှအထိ ချိတ်ဆက်ထားသလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေတာပါ။ ချိတ်ဆက်ထားတဲ့ အရေအတွက်များလေလေ Page Rank တက်လေပဲလို့ ဆိုနိုင်ပါတယ်။ ဥပမာ တစ်ခုအနေနဲ့ ပေးရမယ်ဆိုရင် သင့်အနေနဲ့ တစ်ကမ္ဘာလုံး ဖတ်ရှုတဲ့ ကမ္ဘာကျော် ဘလော့ စာမျက်နှာ တစ်ခုကို ရေးသားလိုက်တယ် ဆိုပါစို့။ အဆိုပါ ဘလော့စာမျက်နှာကို ညွှန်းဆို ချိတ်ဆက်ကြတဲ့ အရေအတွက်လဲ များလာမှာ ဖြစ်ပါတယ်။ အဲဒီလို များလာတာနဲ့အမျှ သင့်ရဲ့ Web Page လဲ Page Rank တက်လာမှာဖြစ်ပါတယ်။ iPhone လို့ရှာလိုက်ရင် Apple က ထိပ်ဆုံးတက်လာတာ၊ စကားလုံးတစ်လုံးကို ရှာလိုက်ရင် Wikipedia က တက်လာတာ စတာတွေဟာ ဆက်သွယ်ချိတ်ဆက်မှု များပြားတဲ့အတွက် ဖြစ်လာရတဲ့ Page Rank တွေပဲ ဖြစ်ပါတယ်။ iPhone ဆိုတာနဲ့ Apple Website ကို ချိတ်ဆက်ပြီး ညွှန်းလေ့ရှိတဲ့အတွက် ညွှန်းတာများလေ ထိပ်ရောက်လေ ဖြစ်ပြီး Apple Website က ထိပ်ဆုံးရောက်လာရခြင် ဖြစ်ပါတယ်။
အချို့သော Webmaster များ Internet Marketer များ အနေနဲ့ link တွေကသာ SEO အတွက် မှတစ်ပါး အခြားမရှိလို့ လက်ခံကြပေမယ့် သူတို့နဲ့မတူတဲ့ ဆန့်ကျင်ဖက် အမြင်တွေလဲ ရှိပါတယ်။ အချို့ အချို့သော ဘလော့ဂါ ဂုရုများရဲ့ အမြင်အရ content လို့ခေါ်တဲ့ စာတွေ၊ ပုံတွေ စတာတွေ ကောင်းကောင်း ဖန်တီး ရေးသားခြင်းကသာ Google ရဲ့ Search Engine Rank ကို မြှင့်တင်နိုင်စွမ်း ရှိတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် နှစ်ဖက်လုံးမှာ ကြီးမားတဲ့ အားနည်းချက် အားသာချက် ကိုယ်စီရှိနေတယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။
SEO ၏ အကျိုးကျေးဇူးများ
SEO ဆိုတာ website ရဲ့ လူဝင်ကြည့်တဲ့နှုန်း (website’s traffic) ကို နဲ့ ဝင်ငွေကို မြှင့်တင်ဖို့ရာ တစ်ခုတည်းသော နည်းလမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အရေးအကြီးဆုံဖြစ်လို့တော့ အကြောက်အကန် ငြင်းရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အချို့သော ပေါ်ပြူလာဖြစ်တဲ့ website တွေဟာ Social Network တွေ Social Share တွေကို အဓိကထား အသုံးပြုကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Facebook, Twitter နဲ့ Google+ စတဲ့ Social Network တွေ အပေါ်မှာ သူတို့ Website တွေ ပေါ်ပြူလာဖြစ်ဖို့ အဓိကထား တည်ဆောက်ကြတဲ့ သဘောလည်းရှိတဲ့ အတွက်ပါ။ website အတော်များများအတွက် social media တွေဟာ အလွန်အရေးပါတဲ့ မရှိမဖြစ် အနေအထားမှာ ရှိနေတယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် မလုံလောက်ပါဘူး။ Search Traffic အနေနဲ့ကလဲ သူ့ကြောင့် ရလာမယ့် သီးသန့် အကျိုးအမြတ်တွေ ရှိနေလို့ပဲ ဖြစ်ပါတယ်။
Search Traffic (ရှာဖွေလိုက်တဲ့အခါမှာ ထိပ်ဆုံးမှာ ရပ်တည်နိုင်မှုနှုန်း)လို့ ဆိုလိုက်တာနဲ့ အချိန်နဲ့အမျှ ထိပ်ဆုံးမှာ ထိပ်သုံးထားနိုင်စွမ်းကို ဆိုလိုပါတယ်။ အဲဒီလိုမဟုတ်ပဲ ခဏတစ်ဖြုတ် တက်လာတာမျိုးကို မဆိုလိုပါဘူး။ အဲဒီလို နေ့စဉ်နဲ့အမျှ ထိန်းသိမ်းထားနိုင်ပြီ ဆိုတာနဲ့ ကိုယ့်ရဲ့ Website ကို ဝင်ကြည့်တဲ့ အနေအထားကလဲ ပိုပိုပြီး တိုးလာမှာဖြစ်သလို ရေမြင့်လေ ကြာတင့်လေ ဆိုတဲ့အတိုင်း Page Rankလဲ တက်လာမှာဖြစ်ပါတယ်။ Google မှာ တစ်နေ့အတွက် ၃၀၀ ခန့်ရှာဖွေတဲ့ စကားလုံးတစ်လုံးကို ထိပ်ဆုံးမှာ ပြနိုင်တဲ့ website ကို ၄၀ ရာခိုင်နှုန်းခန့်က ကလစ်ခေါက်ပြီး Site ကို ကြည့်ကြကြောင်း တွေ့ရှိရပါတယ်။ အဲဒီတော့ ၁၂၀ ခန့် ဒီနေ့အတွက် ကိုယ့် website ကိုလာ ကြည့်တယ်လို့ သတ်မှတ်နိုင်ပြီး နောက်နေ့မှာလဲ ၁၂၀၊ နောက်နေ့ နောက်နေ့တွေမှာ ၁၂၀ ခန့် ကြည့်လိမ့်မယ်လို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။
Search Traffic တွေကတော့ အမြဲတမ်းပြောင်းလဲနေပါတယ်။ ဒါပေမယ့် Social Media တွေမှာလို တစ်ခုခု ပြောလိုက်တာနဲ့ ထိပ်ဆုံးမှာ ရောက်နေပေမယ့် အချိန်ကြာလာတဲ့အမျှ မမြင်ရတဲ့ဖက်ဖို့ ရောက်သွားနိုင်ဖို့ မြန်တတ်ပါတယ်။ Search Traffic တွေမှာတော့ အဲဒီလောက်အထိ မြန်လေ့ မရှိပါဘူး။
ဆက်ပါဦးမယ် …
(Credit Link: )
No comments:
Post a Comment