ThingsFolio!
Knowledge Box
Sunday, September 23, 2012
Thursday, September 6, 2012
သူတို့ပြောတဲ့အင်္ဂလိပ်စကား
အောက်ပါစကားစုလေးများဟာ native speakers တွေပြောပုံလေးတွေပါ။ အသုံးများတာလေးတွေစုစည်းပေးထားပါတယ်။ ဒါလေးတွေကို ကိုယ့်စကားထဲထည့်ပြောနိုင်အောင် ကြိုးစားကြည့်နိုင်ပါတယ်။
I just have to stop off in the bathroom. တစ်နေရာရာကို ခဏတဖြုတ် အလည်သွားတယ်။ ခဏနေတယ်ဆိုတဲ့အဓိပ္ပါယ်နဲ့သုံးလေ့ရှိပါတယ်။
Shona : " Jeannie, may I use your bathroom ? "
Jeannie : Go ahead, but make it snappy, okay ?
တစ်ယောက်ယောက်ကို မြန်မြန်လုပ်နော်လို့ ပြောတဲ့စကား။
You should have heard the fuss my mom kicked up ! ပါးစပ်စက်သေနတ်ပစ်တယ် ပုံမျိုးပေါ့။
And could I have a long-sleeved jacket this time ? The short-sleeved ones are so babyish. ကလေးဆန်တယ်တဲ့။
Sorry, I am terrible with names ! နာမည်တွေအလွတ်မရတာ၊ မမှတ်မိတဲ့အခါမှာပြောတဲ့စကား။
If it's any consolation to you, she didn't get the job. သူအလုပ်မရတာပဲခပ်ကောင်းကောင်းပါ။
တစ်ယောက်ယောက်ရဲ့မအောင်မြင်မှု၊ အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခြေအနေမျိုးမှာ အားပေးစကားပြောတဲ့အနေနဲ့သုံးလေ့ရှိပါတယ်
I guess I'm grinning because Jeannie didn't holler very much for a change. အြော်ကီးဟစ်ကျယ်ပြောတယ်။

အောင်မြင်သော စကားပြောကောင်းသူတစ်ဦးဖြစ်စေရန်
လူရယ်လို့ ဖြစ်လာတာနဲ့အမျှ လူမှုဝန်းကျင်တွင် အများနှင့် ဆက်သွယ်ကျင်လည်ရမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ လူအများနဲ့ စကားပြောဆိုရာတွင် လူအများ နှစ်သက်သည့် စကား၊ နားဝင်ချိုသော စကား အများလက်ခံနိုင်သော စကားနှင့် လက်မခံနိုင်သော စကားများလည်း ရှိတတ်ကြပါတယ်။
ယခုတင်ပြချင် တာကတော့ လူမှုပရိသတ်အလယ်မှာ ရဲရဲဝံ့ဝံ့နဲ့ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ မိမိပြောချင်သော စကားများကို လူများစိတ်ဝင်စားဖို့နဲ့ ဂရုတစိုက်နားထောင်စေရန်အတွက် တွေ့ကြုံရသမျှ ပြောပြရခြင်းသာ ဖြစ်ပါတယ်။ ကျွန်မတို့အားလုံးသည် မွေးလာကတည်းက စကားပြောကောင်းသော သူများ မဟုတ်ကြပါဘူး။ ဒီလိုဖြစ်လာအောင် လေ့လာလေ့ကျင့်ယူကြရမှာ ဖြစ်ပါတယ်။ ကျွန်မရဲ့ အတွေ့အကြုံလေးတွေ ပြောပြချင် ပါတယ်။ ကျွန်မ အရင်တုန်းက လူအများအလယ်မှာ စကားပြောဖို့ နှုတ်ဆွံ့အ ပြီး မ၀ံ့မရဲဖြစ်တဲ့သူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။

Sunday, September 2, 2012
DEEP FREEZE PASSWORD CHANGER EXCLUSIVE
ဒီကောင်လေးက တခြားတော့ဟုတ်ပါဘူး ... ကျွန်တော်တို့ ကွန်ပျူတာတွေမှာ DeepFreeze သုံးကြတယ်ပေါ့ ... (Deep Freeze ဆိုတာက System တစ်ခုလုံးကို လုပ်ချင်တာလုပ်သွား ... reboot ပြန်လုပ်လိုက်ရင် နဂိုမူလက Public ပေးမသုံးခင် အတိုင်း ပြန်ဖြစ်သွားအောင်လုပ်ပေးတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် System ကို Restore လုပ်ပေးတာပဲဖြစ်ပါတယ်) အဲဒီလို DeepFreeze သုံးတဲ့ခါမှာ Password ပေးထားရတယ်၊ အဲ Password သိမှ (Password Change, Boot Frozen, Boot Thawed) လုပ်လို့
ရမှာဖြစ်ပါတယ်။ အဲဒီတော့ Password မသိတဲ့သူက ဒီကောင်လေးသုံးပြီး Password ကို ပြင်လို့ရသွားတာပေါ့ (တစ်နည်းအားဖြင့် Password သိတဲ့လူတစ်ယောက်) ဖြစ်သွားတာပေါ့။

TOOLS & TARGET FILES FROM CRACKER GUIDE V2.1
ကိုမျိုးမြင့်ထိုက် ရေးသားခဲ့သည့် Cracker Guide v2.1 တွင် အသုံးပြုခဲ့သော Tools များနှင့် Target Files များကို Myanmar Cracking Team တွင် တင်ထားပါသည်။ Cracker Guide v2.1 မှာသုံးပြီး ပြခဲ့တဲ့ Target files များဟာ ကြာပြီဖြစ်သည့်အတွက် Online မှာရှာပြီး Download ယူဖို့ဆိုတာ မလွယ်နိုင်ပါဘူး။ ကိုမျိုးမြင့်ထိုက်ကလည်း ifile.it, mediafire နှစ်ခုမှာတင်ပေးထားပါတယ်။ ifile.it ကတော့ Link expire ဖြစ်နေပါပီ။ အဲဒါနဲ့ ....
ကျွန်တော်လည်း Download လုပ်ယူပြီးတော့ ကျွန်တော့် Host မှာပဲ သေချာပြန်တင်ပေးထားပါတယ်ခင်ဗျာ။ Cracking နဲ့ပတ်သက်နေသည့်အတွက် ကျွန်တော့် Hosting နဲ့ ပြဿနာဖြစ်မှာစိုး၍ WinRAR files များတွင် Password = cyberw4rl0ck.com ကို ထည့်ထားပါသည်ခင်ဗျာ။ Chapter (3) Basic Assembly Language ကို Download ပြီးသည့်အခါ ၄င်းထဲတွင်ပါရှိသော Tools folder အောက်မှ Macro Assembler 3.2.7 တွင် Virus, Trojan (3) ကောင်ပါရှိပါတယ်ခင်ဗျာ။ ကျွန်တော် ကြိုပြောပါတယ်နော်။ Cracking Tools, Hacking Tools တွေမှာ Virus, Trojan, malware တွေပါတာတော့ မထူးဆန်းလောက်ပါဘူးနော်။ လိုအပ်သူများ Download ယူလိုက်ပါဦးခင်ဗျာ။
ANTI DEEP FREEZE V0.4
Anti Deep Freeze v0.4 ဆိုတာကတော့ ၊ DeepFreeze ကိုသိကြမှာပေါ့။ စာဖတ်ပရိတ်သတ်တို့။ Password ပေးထားတဲ့အခါ၊ ကြတော့ Password မေ့သွားတာပဲဖြစ်ဖြစ်၊ Public Center တွေမှာ DeepFreeze ခံထားလို့ UnFreeze လုပ်ချင်တဲ့အခါမျိုးပဲဖြစ်ဖြစ် ဒါလေးက အသုံး၀င်မှာပါ။ မကောင်းတာ သင်ပေးခြင်းတော့မဟုတ်ပါ။ သိစေ၊ တတ်စေ၊ နားလည်စေချင်သည့် ဆန္ဒတစ်ခုသာလျင်ရှိပါသည်။

OLLYDBG COLLECTIONS
OllyDBG ဆိုတာကိုတော့ Cracking စိတ်၀င်စားကြတဲ့ စာဖတ်ပရိတ်သတ်များ နားလည်မှာပါ၊ x86 အတွက် Debugger တစ်ခုပါပဲ။ Reverse Engineering မှာ အမြဲမြဲလိုလို အသုံးပြုရတဲ့ Program Tools တစ်ခုလည်းဖြစ်ပါတယ်။ အလွယ်ပြောရရင်ဖြင့် Software တွေကို Crack ဖို့အတွက် အသုံးပြုရတာပါပဲခင်ဗျာ။ Crack Team တွေကနေ သုံးတဲ့ အမျိုးမျိုးသော OllyDBG တွေကို စုထားပေးတာဖြစ်ပါတယ်။

Subscribe to:
Posts (Atom)